Home
မြန်မာသတင်း
တလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၁ ဦး သေဆုံး  
DVB
·
May 7, 2025

စစ်ကောင်စီက တဖက်မှာအပစ်ရပ် ကြေညာထားပြီး တဖက်မှာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တလအတွင်းမှာ အမျိုးသမီး ၇၁ ယောက်အထိ သေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ  (BWU)က  မေ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။  

ဧပြီလအတွင်း စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၉ ယောက်၊ ကျေးရွာနဲ့ နေအိမ်တွေကို ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ယောက်နဲ့ စစ်တပ်က သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅ ယောက်အထိရှိခဲ့ပြီး အဲဒီအထဲမှာ ၁၃ ယောက်ဟာ ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ဧပြီလအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အယောက် ၄၀ ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ယောက်၊ မြေမြှုပ်မိုင်းကြောင့် ၄ ယောက်နဲ့ အာရက္ခတပ်ဖွဲ့ဝင်ရဲ့ မုဒိမ်းကျင့်မှုကြောင့် ၁ ယောက်တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဧပြီလအတွင်း သေဆုံးသွားသူ အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက အယောက် ၃၀ နဲ့ အများဆုံး ဖြစ်ပြီး မန္တလေးတိုင်းမှာ ၁၄ ယောက်နဲ့ ပဲခူးတိုင်းမှာ ၅ ယောက်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024