DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ARSA တပ်ဖွဲ့ဝင် ၂ ဦးကို AA ဖမ်းဆီးရမိ
DVB
·
May 7, 2025
မောင်တောတွင် ARSA တပ်ဖွဲ့ဝင် ၂ ဦးကို AA ဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရကျေးရွာအနီးမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အာဆာ (ARSA) အဖွဲ့ဝင် ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အာရက္ခတပ်တော် (AA) က ဖမ်းဆီးရမိခဲ့ပါတယ်။

မောင်တောမြို့နယ် လိပ်ရကျေးရွာဟာ ARSA အဖွဲ့အခြေပြုလှုပ်ရှားတဲ့ကျေးရွာ ဖြစ်တာကြောင့် အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ်မှာ ဖမ်းဆီးရမိခဲ့တာလို့ မောင်တောမြောက်ပိုင်း ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။

“လိပ်ရ ရွာဆိုတာက ARSA အဖွဲ့တွေ အဓိကခြေကုပ်လှုပ်ရှားတဲ့ ကျေးရွာဖြစ်တယ်။ ရခိုင်နဲ့ တခြားမျိုးနွယ်စုဝင်တွေဆိုရင် သွားတောင် မသွားရဲကြဘူး။ မေ ၅ ရက်ကလည်း လိပ်ရအနီးမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ AA တပ်ဖွဲ့ဝင်တွေက အာဆာ ၂ ယောက်ကို လက်ရ ဖမ်းမိထားတယ်လို့ သိရတယ်။ လိပ်ရလမ်းဆုံမှာဆိုလည်း မကြာခဏ ချုံခိုတိုက်ခိုက်မှုတွေ ပြုလုပ်တာရှိတယ်။”

ARSA အဖွဲ့ဟာ လိပ်ရ၊ ဦးချဉ်ကျ၊ ‌သူဦးလာကျေးရွာတို့တွင် အခြေပြုလှုပ်ရှားနေကြတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

မေ ၄ ရက်က ညနေပိုင်းကလည်း‌ မောင်တောမြို့နယ် ကျောက်ချောင်းမွတ်ဆလင်ကျေးရွာက ကျေးရွာသား ၃ ယောက်ကို ARSA အဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ကျောက်ချောင်းကျေးရွာသားတွေနဲ့ အာရက္ခတပ်တော်က လိုက်လံရှာဖွေကြရာမှာ လိပ်ရကျေးရွာအနီးက ပြန်လည်ရှာတွေ့ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ARSA အဖွဲ့ဟာ မောင်တောမြို့နယ် မြောက်ပိုင်းနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ အဓိကလှုပ်ရှားပြီး ဒေသခံခရီးသွားတွေနဲ့ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေကို မကြာခဏ ချုံခိုတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ 

မောင်တောမြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ယောက်ထက်မနည်းရှိပါတယ်။

ARSA တပ်ဖွဲ့ဟာ မောင်တောနဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့အတူပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013