DVB Logo
Home
နိုင်ငံတကာ
တရားမဝင်ရွှေ့ပြောင်းများ မူရင်းနိုင်ငံပြန်လျှင် ဒေါ်လာ ၁,၀၀၀ ပေးမည်ဟု ထရမ့်ပ် စည်းရုံး
DVB
·
May 6, 2025
တရားမဝင်ရွှေ့ပြောင်းများ မူရင်းနိုင်ငံပြန်လျှင် ဒေါ်လာ ၁,၀၀၀ ပေးမည်ဟု ထရမ့်ပ် စည်းရုံး
Donate to DVB

အမေရိကန်နိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ ရွှေ့ပြောင်းအခြေချသူတွေအပေါ်  မိမိဆန္ဒအလျောက် နေရပ်ပြန်ဖို့ ဖိအားပေးတဲ့အနေနဲ့ မေ ၅ ရက်က ဒေါ်လာ ၁,၀၀၀ စီပေးမယ့် အစီအစဉ်သစ်တခုကို ကြေညာလိုက်ပါတယ်။

CBP Home ဆိုတဲ့ App တခုကို အသုံးပြုပြီး အမေရိကန်ကနေ မူရင်းနိုင်ငံဆီ ထွက်ခွာသွားဖို့ သဘောတူမယ်ဆိုရင် အထောက်အထားမဲ့ နေထိုင်သူတွေအတွက် “ငွေကြေးနဲ့အတူ ခရီးသွားလာရေး အထောက်အပံ့ပါ” ပေးအပ်မယ်လို့ အမိမြေလုံခြုံရေးဌာန (DHS) အနေနဲ့ ကတိပြုခဲ့တာပါ။

DHS ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နော်မ် ကတော့ “သင်ဟာ ဒီမှာ တရားမဝင်နေထိုင်တာဆိုရင် ကိုယ့်ဘာသာကိုယ် ပြန်ထွက်သွားတာဟာ အမေရိကန်မှာ အဖမ်းမခံရဘဲ စွန့်ခွာနိုင်မယ့် အကောင်းဆုံး၊ အလုံခြုံဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။

တကယ်လို့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ App ကနေတဆင့် သူတို့နေရပ်ကို ပြန်ရောက်ပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ ငွေပေးချေတာမျိုး ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ထောက်ပံ့မယ့်စရိတ်ကိုပါ ထည့်တွက်ရင်တောင် အဲဒီအစီအစဉ်ဟာ “နယ်နှင်ဒဏ်ပေးတဲ့ ကုန်ကျစရိတ်ရဲ့ ၇၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ကို လျှော့ချပေးနိုင်တယ်” လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်က ရွှေ့ပြောင်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းပြီး နယ်နှင်ဒဏ်ပေးတဲ့ ကုန်ကျစရိတ်ဟာ ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၇,၀၀၀ ကျော် ရှိတယ်လို့ DHS ဌာနအရ သိရပါတယ်။

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းနေထိုင်သူတယောက်ဆိုရင် အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး ချီကာဂိုမြို့ကနေ သူ့နိုင်ငံဆီကို လေယာဉ်နဲ့ ပြန်သွားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

DHS ရဲ့ ထုတ်ပြန်ချက်အရ အဲဒီအစီအစဉ်က “အနာဂတ်မှာ တရားဝင်နည်းလမ်းနဲ့ အမေရိကန်ဆီ ပြန်လည်ဝင်ရောက် နိုင်မယ့် အခွင့်အလမ်းကို ထိန်းသိမ်းရာရောက်တယ်” လို့လည်း ဆိုထားပါတယ်။

ဒါပေမဲ့လည်း လေ့လာသူတွေကတော့ “ဒါဟာ အလွန်ရက်စက်တဲ့ လှည့်ဖြားမှုတခုပဲ” ဆိုပြီး စိုးရိမ်မှုရှိတဲ့အကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေက နယ်နှင်ဒဏ်ပေးလိုက်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံပေးလေ့ရှိရာ ရဝမ်ဒါနိုင်ငံဟာ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် အတည်ပြုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013