DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ ဈေးနှုန်းကျဆင်းပြီး တပိဿာ ၆,၇၀၀ ကျပ်အထိရောက်
DVB
·
May 6, 2025
စားအုန်းဆီ ဈေးနှုန်းကျဆင်းပြီး တပိဿာ ၆,၇၀၀ ကျပ်အထိရောက်
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်က စားအုန်းဆီရည်ညွှန်းဈေး တပိဿာကို ၆,၇၃၅ ကျပ်ရှိရာက အခု တပတ်မှာ ၆၇၀၀ ကျပ်အထိ ဈေးဆက်လက်ကျဆင်းလာခဲ့ပါတယ်။

ပြည်တွင်းစျေးကွက်မှာ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ကျဆင်းမှုက ၄ လဆက်တိုက် ဖြစ်ပေါ်နေပြီး အဲဒီကာလအတွင်း ဈေးနိမ့်လာမှုက ၈ ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကျပ် ၇,၂၈၀ ကျပ်အထိရှိခဲ့တဲ့ စားအုန်းဆီ ရည်ညွှန်းဈေးက ၄ လအတွင်း တပိဿာကို ကျပ် ၆၀၀ ဝန်းကျင်အထိ ဈေးပြန်ကျလာတာပါ။

ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ ပြင်ပလက်လီဈေးကွက်မှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ၁၀,၀၀၀ အထက်မှာပဲ ရှိနေပြီး၊ စစ်ကောင်စီက အိမ်ထောင်စုအလိုက် ဆီစာအုပ်နဲ့ ရောင်းချပေးနေတဲ့ ဈေးနှုန်းကလည်း တပိဿာကို ၇၂၀၀ ကျပ်ရှိတယ်လို့ ရန်ကုန်မြို့နေ စားသုံးသူတွေထံက သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားချက်အရ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးကို မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ် စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ်မှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော်မတီက ပြည်တွင်း ဈေးကွက်မှာ စားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013