DVB Logo
Home
နိုင်ငံတကာ
ဆူဒန်အနောက်တောင်ပိုင်း၌ RSF တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ထက်မနည်း သေဆုံး
DVB
·
May 5, 2025
ဆူဒန်အနောက်တောင်ပိုင်း၌ RSF တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ထက်မနည်း သေဆုံး
Donate to DVB

ဆူဒန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကော့ဒေါဖန်ပြည်နယ် အနောက်ဘက်က အယ်လ် နူဟုဒ်မြို့ကို အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) က တိုက်ခိုက်လို့ လူ ၃၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၃ ရက်မှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး RSF သတ်ဖြတ်မှုတွေက လူမျိုးရေးအခြေခံပြီး သတ်ဖြတ်တာဖြစ်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲရင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

RSF ရဲ့ လုပ်ရပ်အပေါ် သက်ညှာမှုလို့ ခေါ်တဲ့အရာကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ တခြား နိုင်ငံတကာအဖွဲ့တွေကို ဝန်ကြီးဌာနက ထပ်မံတောင်းဆိုခဲ့ပါတယ်။

အမျိုးသမီး ၁၅ ယောက်နဲ့ ကလေး ၂၁ ယောက် အပါအဝင် သေဆုံးသူ ၃၀၀ ကျော်ရှိတယ်လို့ လွတ်လပ်တဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ဖြစ်တဲ့ ဆူဒန်ဆရာဝန်များ အသင်းချုပ်ရဲ့ ပဏာမကော်မတီကလည်း အတည်ပြုခဲ့ပါတယ်။ စွပ်စွဲချက်အပေါ် RSF က မှတ်ချက်မပေးသေးပါဘူး။

နှစ်ဖက်အကြား တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက် ဆူဒန်စစ်တပ် ခြေလျင်တပ်မ ၁၈ ဌာနချုပ်ကို သိမ်းပိုက်လိုက်တယ်လို့ RSF က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလလယ်မှာစတဲ့ ဆူဒန်တပ်မတော်နဲ့ RSF အကြား ပဋိပက္ခကြောင့် လူ သောင်းနဲ့ချီ သေဆုံးခဲ့ပြီး လူပေါင်း ၁၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါ။

ဆူဒန်ဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။

နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားတဲ့အပြင် ဆူဒန်ဟာ အငတ်ဘေးကြုံနေရတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက သတိပေးထားပါတယ်။

သေဆုံးသူဦးရေ ၃၀,၀၀၀ ကနေ ၁၅၀,၀၀၀ ကြားမှာ ရှိနိုင်တယ်လို့ စစ်ပွဲ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းထားပြီး တိကျတဲ့ အသေအပျောက်စာရင်းတွေကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013