DVB Logo
Home
နိုင်ငံတကာ
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အယ်ကာထရက်ဇ်အကျဉ်းထောင် ပြန်ဖွင့်ရန် ထရမ့်ပ် ညွှန်ကြား
DVB
·
May 5, 2025
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အယ်ကာထရက်ဇ်အကျဉ်းထောင် ပြန်ဖွင့်ရန် ထရမ့်ပ် ညွှန်ကြား
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အယ်ကာထရက်ဇ်ထောင် ပြန်ဖွင့်ဖို့နဲ့ တိုးချဲ့ဖို့ ညွှန်ကြားထားပါတယ်။

ကယ်လီဖိုးနီးယားကမ်းခြေအနီးမှာရှိတဲ့ ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ အယ်ကာထရက်ဇ် အကျဉ်းထောင်ဟာ ၁၉၆၃ ခုနှစ်က ပိတ်ထားခဲ့ပြီး လက်ရှိအချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာနေရာတခု ဖြစ်နေပါပြီ။

ထရမ့်ပ်က သူ ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာ Truth မှာ ဆိုးသွမ်းပြီး အကြမ်းဖက်မှု ကျူးလွန်တဲ့ ရာဇဝတ်သားတွေအတွက် ထောင်ကို ပြန်ဖွင့်မယ်လို့ ရေးသားထားတာပါ။ အယ်ကာထရက်ဇ်ထောင်ကို ပြန်ဖွင့်တာက ဥပဒေ၊ အမိန့်နဲ့ တရားမျှတမှုတို့ရဲ့ သင်္ကေတ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဒီနေ့ ကျနော်က အကျဉ်းဦးစီးဌာန၊ တရားရေး၊ FBI၊ အမိမြေလုံခြုံရေးတို့ကို ညွှန်ကြားနေရတဲ့သူ ဖြစ်လို့ သိသိသာသာကျယ်တဲ့ အယ်ကာထရက်ဇ်ထောင်ကို ပြန်ပြီးဖွင့်မှာပါ” လို့ ထရမ့်ပ်က ရေးသားထားပါတယ်။

အယ်ကာထရက်ဇ် အကျဉ်းထောင်ဟာ အမေရိကန်မှာ အရက်စက်ဆုံးနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ရာဇဝတ်သားတွေကို ထားတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။

ထရမ့်ပ်ဟာ တရားမဝင် ဂိုဏ်းသားတွေကို အယ်ဆာ‌ဗေးဒိုးအကျဉ်းထောင်ကို ပို့ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးနဲ့ တရားရင်ဆိုင်နေရပါတယ်။

မတ်လတုန်းက ဗင်နီဇွဲလားဂိုဏ်းသား ၂၀၀ ကျော်ကို အယ်ဆာဗေးဒိုးအကျဉ်းထောင်ကို ပို့ခဲ့တာဖြစ်ပြီး နိုင်ငံတွင်းက ရာဇဝတ်သားတွေကို နိုင်ငံခြားထောင်တွေမှာ ထားမယ်လို့ ဆိုပါတယ်။

အယ်ကာထရက်ဇ်ဟာ အရင်တုန်းက ရေတပ်ကာကွယ်ရေးနေရာဖြစ်ပြီး ၂၀ ရာစု အစောပိုင်းမှာ စစ်တပ်အကျဉ်းထောင်အဖြစ် ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာကို တရားရေးဌာနက ၁၉၃၀ မှာ တာဝန်ယူခဲ့ပြီး ရာဇဝတ်သားတွေကို ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီထောင်မှာ နာမည်ကြီး ရာဇဝတ်သားတွေဖြစ်တဲ့ အာကဖုန်း၊ မစ်ကီကိုဟန်၊ ဂျော့ကယ်လီ တို့ကို ထားခဲ့တဲ့နေရာ ဖြစ်ပါတယ်။

အဲဒီအကျဉ်းထောင်ကို အခြေပြုပြီး ၁၉၆၂ ခုနှစ်က ထွက်ခဲ့တဲ့ Birdman of Alcatraz ဇာတ်ကားကြောင့် ပိုပြီး နာမည်ကြီးခဲ့ပါတယ်။

ဒါ့အပြင် အယ်ကာထရက်ဇ် အကျဉ်းထောင်မှာ ၁၉၉၆ ခုနှစ်က ရှောင်ကွန်နရီနဲ့ နီကိုလက်စ်ကေ့ချ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ The Rock ရုပ်ရှင်တို့ဟာ နာမည်ကြီးပါတယ်။

အယ်ကာထရက်ဇ် အကျဉ်းထောင်ကို ဆက်ပြီးလည်ပတ်ဖို့ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013