DVB Logo
Home
မြန်မာသတင်း
ငလျင်အပြီး စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးဟု ကုလ ပြော
DVB
·
May 5, 2025
ငလျင်အပြီး စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးဟု ကုလ ပြော
Donate to DVB

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့အပြီး မြန်မာနိုင်ငံမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင် အနည်းဆုံး တိုက်ခိုက်မှု ၂၄၃ ကြိမ် ပြုလုပ်ခဲ့ တာကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှု အများစုကတော့  ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အကြောင်းပြချက်နဲ့ အပစ်ရပ်မယ်လို့ ကြေညာခဲ့တဲ့ ဧပြီ ၂ ရက်နေ့​ နောက်ပိုင်းမှာ ဖြစ် ပွားခဲ့တာလို့ ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကတော့ မြန်မာနိုင်ငံက အဆုံးမရှိတဲ့ အကြမ်းဖက်မှုတွေအကြောင်း မှတ်ချက်ပြုရာမှာ ကမ္ဘာတဝန်းက အကျပ်အတည်းတွေ အများကြီးကြားက မြန်မာပြည်သူတွေရဲ့ သည်းမခံနိုင်တဲ့ ဒုက္ခတွကို မေ့ထားလို့ မရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် စစ်အုပ်စုက အပစ်အခတ်ရပ်စဲကြောင်း အမည်ခံကြေညာထားပေမဲ့ အရပ်သားတွေအပေါ် မညှာ မတာအကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် စစ်တပ်အနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင် ပစ္စည်းတွေကို တိုက်ခိုက်တာတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့  အရေးကြီးတယ်လို့လည်း ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ သလို ငလျင်လှုပ်ပြီး အချိန် ၁ လကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံကတော့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိ လုပ်ဆောင်နိုင်ရေး သေချာစေဖို့အတွက် လက်ရှိ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီး တိုးချဲ့လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က မြန်မာစစ်အုပ်စုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ငလျင်ဘေးအန္တရာယ် ကျရောက်ပြီးနောက် ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းတိုးချဲ့ဖို့ တိုက်တွန်းထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013