
ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီဟာ တံကောက်ကြောဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သတင်းထွက်လာပါတယ်။
ဒမ်ဘီလီဟာ အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ တလုံးတည်းသော အနိုင်ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရတာပါ။
ဒမ်ဘီလီအနေနဲ့ ညာဘက်ခြေထောက်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်း ပီအက်စ်ဂျီအသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာအခြေအနေ တိုးတက်မှုတွေ ရှိလာပေမဲ့ စစ်ဆေးပြီး စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။
ဒမ်ဘီလီဟာ စထရတ်ဘော့ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်ကို လွဲချော်ခဲ့ပြီး မေ ၈ ရက်မှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးတာ ဖြစ်ပါတယ်။