
လီဗာပူးအသင်းမှာ အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာ ၃ ခုကို မန်ယူအသင်း ဂန္ထဝင် ရွိုင်ကိန်းက ထောက်ပြသွားပါတယ်။
အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ပြီးနောက် ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး လာမယ့်ရာသီမှာ ဆုဖလားကာကွယ်နိုင်ဖို့ဆိုရင် အင်အားဖြည့်တင်းရမယ့် နေရာတွေကို ရွိုင်ကိန်းက ထောက်ပြသွားတာပါ။
ချန်ပီယံဆု ကာကွယ်နိုင်ဖို့ဆိုရင် ရောဘတ်ဆန်ရဲ့နေရာအတွက် ဘယ်နောက်ခံလူတယောက် လိုအပ်သလို ဗဟိုခံစစ်မှူးတယောက်နဲ့ တိုက်စစ်မှူးတယောက် ခေါ်ယူဖို့ လိုအပ်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
ရွိုင်ကိန်းရဲ့ မှတ်ချက်အပေါ် လီဗာပူးတိုက်စစ်မှူးဟောင်း စတာရစ်ချ်ကလည်း ထောက်ခံခဲ့ပြီး ကိုနာတေးနဲ့ ဒီယေဂိုဂျိုတာတို့ နေရာတွေအတွက် အရန်သင့်ကစားသမားတွေ ရှိနေဖို့ လိုအပ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။