DVB Logo
Home
မြန်မာသတင်း
ပင်လယ်ထဲ မျောပါနေသည့် ငါးဖမ်းရေလုပ်သား ၄၀၀ ကျော်ကို ကယ်ဆယ်
DVB
·
November 10, 2014
ပင်လယ်ထဲ မျောပါနေသည့် ငါးဖမ်းရေလုပ်သား ၄၀၀ ကျော်ကို ကယ်ဆယ်
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ပင်လယ်ထဲ မျောပါသွားခဲ့တဲ့ ငါးဖမ်းနေကြတဲ့ ကျားဖောင် ရေလုပ်သား ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြောပါ တယ်။

[caption id="attachment_70384" align="alignright" width="472"]ဓာတ်ပုံ - MOI ဓာတ်ပုံ - MOI[/caption]

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူး ဦးချွမ်ဟရဲက နိုဝင်ဘာ ၈ ရက်နေ့မှာ ၂၅၂ ဦးနဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ၁၇၅ ဦးကို ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

“မုန်တိုင်းငယ်ကြောင့် ကမ်းဘက်ကို မိုးကြီးတယ်။ လေနည်းနည်း တိုက်တယ်။ အဲဒီမှာပဲ ငါးဖမ်းလှေတွေ မုန်တိုင်းမိတဲ့သဘောပေါ့။ အဲဒီမှာ ကျားဖောင် ပင်လယ်လှေ တွေက ပင်လယ်ပေါ်မှာ မျောကုန်တယ်။ အဲဒီမှာ ရေတပ်က ၆ ရက်နေ့မှာ သွားဆယ်တယ်။ နိုဝင်ဘာ ၉ ရက်နေ့မှာ ၁၇၄ က ခေါ်တယ်။ နေမကောင်းလို့ တယောက် ပါသေးတယ်ပြောတယ်။ အားလုံးဆို ၄၂၇ ယောက်ရှိတယ်” လို့ ဦးချွမ်ဟရဲက ပြောပါတယ်။

ကယ်ဆယ်ထားတဲ့ ရေလုပ်သားတွေဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းက ဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်း အချို့နဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်(ရေ)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနဲ့ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ရေလုပ်သမားတွေကို တပ်မတော်ရေက စစ်သင်္ဘောတွေနဲ့ ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ အရည်အတွက် ဘယ်လောက်ရှိသလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013