DVB Logo
Home
နိုင်ငံတကာ
ခန်းယူးနစ်မြို့ကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး 
DVB
·
May 5, 2025
ခန်းယူးနစ်မြို့ကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး 
Donate to DVB

ဂါဇာကမ်းမြောင်ရှိ  ခန်းယူးနစ်မြို့ကို  မေလ ၃ ရက် မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြင်စဦးဇနီးမောင်နှံ စုံတွဲတတွဲ အပါအဝင် လူ ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ AP သတင်းဌာနက ပြောပါတယ်။ 

သူ့သမီးက အိမ်ထောင်ကျပြီး နှစ်ရက်အကြာမှာ လေကြောင်းတိုက်ခိုက်ခံရတယ်လို့ နအီးမား ဇောရော့ဘ်က ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ဧရိယာအတွင်း ကြီးကြီးမားမား ထိခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူ ဂျာဟတ် ဆာဟန်က ပြောပါတယ်။ 

တချို့က အပျက်အစီးတွေကို လှန်လှော ရှာဖွေနေချိန်မှာ တချို့က တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ချစ်ရသူတွေကို နှုတ်ဆက်နေကြပါတယ်။ 

အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ သယ်လာတဲ့ ကုန်တင်ကားတွေ ဂါဇာကမ်းမြောင်နယ်စပ်မှာ စုပြုံနေကြပါတယ်။ အစ္စရေးရဲ့ လုံးဝ ပိတ်ဆို့ထားမှုအောက်မှာ ပါလက်စတိုင်းလူမျိုး ၅၇ ဦးထက်မနည်း အစာငတ်ပြီး သေဆုံးခဲ့ရတယ်လို့ အစိုးရ မီဒီယာရုံးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွင်း စနေနေ့မနက်ကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် ပါလက်စတိုင်း ၄၅ ယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ အရပ်ဘက် ကာကွယ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကမ်းရိုးတန်းနယ်မြေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမဲ့ ဝင်ရောက်ခွင့်ကို ကုလသမဂ္ဂအရာရှိတွေနဲ့ လူ့အခွင့်အရေးသမားတွေက တောင်းဆိုနေလို့ အစ္စရေးရဲ့ ပိတ်ဆို့ခြင်းအပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချတာတွေ ပိုကြီးထွားလာနေပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်းသား ၅၂,၄၉၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၈,၃၆၆ ယောက်  ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာ သေဆုံးနေပြီလို့ ယူဆရလို့ သေဆုံးသူဦးရေ ၆၁၇၀၀ ကျော်ရှိပြီလို့ ဂါဇာကမ်းမြောင်ဒေသ အစိုးရမီဒီယာရုံးက ခန့်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013