
သြစတြေးလျအစိုးရက အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကိစ္စ ဦးစားပေး ကိုင်တွယ် ဖြေရှင်းမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဂျင်မ်ရှာလ်မယ်က မေ ၄ ရက်မှာ ပြောလိုက်ပါတယ်။
အသစ်ပြန် ရွေးကောက်ခံရတဲ့ အောင်ပွဲအပြီး အမေရိကန်ကုန်သွယ်ရေးမူဝါဒနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုတွေကို မီးမောင်းထိုးပြတဲ့ ကမ်ပိန်းတခုအပြီးမှာ ခုလို ပြောလိုက်တာပါ။
လွန်ခဲ့တဲ့ တပတ်မပြည့်မီ ကနေဒါ ရွေးကောက်ပွဲမှာ အတိုက်အခံ ကွန်ဆာဗေးတစ်တို့ ရှုံးနိမ့်ခဲ့သလို သြစတြေးလျရွေးကောက်ပွဲမှာလည်း ကွန်ဆာဗေးတစ် အတိုက်အခံခေါင်းဆောင် ပီတာဒတ်တွန်ဟာ ရှုံးနိမ့်ခဲ့ပါတယ်။
မဲရှင်တွေက အစောပိုင်းမှာ နေထိုင်မှုစရိတ်စကတွေကို အာရုံစိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုနဲ့ တခြားမူဝါဒတွေအပေါ် ပိုစိုးရိမ်လာခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးက “ချက်ချင်း အာရုံစိုက်တာက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မသေချာ မရေရာမှုတွေ၊ အမေရိကန်နဲ့ တရုတ် ပြီးတော့ ဒါတွေက ကျနော်တို့အတွက် ဘာကိုဆိုလိုသလဲ ဆိုတာကိုပါပဲ” လို့ ဩစတြေးလျရုပ်သံကော်ပိုရေးရှင်း ABC သတင်းဌာနကို ပြောပါတယ်။
ငွေကြေးဖောင်းပွမှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်နေတဲ့ကြားက မတ်လအထိ အတိုက်အခံ ကွန်ဆာဗေးတစ် ညွန့်ပေါင်းအဖွဲ့က လေဘာပါတီနောက်မှာ ကပ်လိုက်နေတာကို လူထု ထင်မြင်ချက် စစ်တမ်းတွေက ပြသခဲ့ပါတယ်။
Source: Reuters