DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၏  သွင်းကုန်အခွန်မူဝါဒသစ်ကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း မြင့်တက်
DVB
·
May 4, 2025
အမေရိကန်၏  သွင်းကုန်အခွန်မူဝါဒသစ်ကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း မြင့်တက်
Donate to DVB

အမေရိကန်ပြည်ထောင်စုရဲ့ သွင်းကုန်အကောက်ခွန်မူဝါဒသစ်ကြောင့် ဧပြီလမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)က ထုတ်ပြန်ပါတယ်။

FAO စားနပ်ရိက္ခာဈေးနှုန်ညွှန်းကိန်းဟာ တကမ္ဘာလုံးမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ စားသောက်ကုန်အားလုံးရဲ့ နိုင်ငံတကာစျေးနှုန်းတွေ လစဉ်အပြောင်းအလဲကို  အခြေခံထားတာပါ။

ဧပြီလမှာ ပျမ်းမျှ ၁၂၈ ဒသမ ၃ မှတ်ရှိပြီး၊ မတ်လကနေ ၁ ဒသမ ၀ ရာခိုင်နှုန်းနဲ့ မနှစ်က အလားတူကာလထက် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

သကြားနဲ့ ဟင်းသီးဟင်းရွက်ဆီတွေ ဈေးနှုန်းကျဆင်းနေပေမဲ့ ကောက်နှံစေ့တွေနဲ့ ပဲမျိုးစုံတွေ၊ နို့ထွက်ပစ္စည်းတွေ အသားတွေအတွက် ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်လို့ FAO က ဆိုပါတယ်။

ရာသီအလိုက် ဝယ်လိုအားနဲ့ ရုရှားကနေ ဂျုံတင်ပို့မှု လျော့ကျသွားပြီး အမေရိကန် ဒေါ်လာတန်ဖိုး အားနည်းနေပေမဲ့ FAO အစားအစာ ဈေးနှုန်းညွှန်းကိန်းရဲ့ အကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ကောက်နှံစေ့တွေနဲ့ ပဲမျိုးစုံတွေအပေါ် အမေရိကန်ရဲ့ ထပ်ဆောင်းခွန်က အပြင်းထန်ဆုံး သက်ရောက်နေတာကို တွေ့ရတယ်လို့ FAO က ပြောပါတယ်။

နို့ထွက်ပစ္စည်းဈေးတွေ လစဉ် ၂ ဒသမ ၄ ရာခိုင်နှုန်း တက်လာပြီး အသားဈေး ၃ ဒသမ ၂ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တာပါ။

အမေရိကန်အကောက်ခွန်မူဝါဒတွေ မကြာခဏ အပြောင်းအလဲများနေတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးတလျှောက် လှိုင်းဂယက်ရိုက်ခတ်နေပြီး တချို့နိုင်ငံတွေက နောက်ထပ် စည်းကြပ်မှုတွေအတွက် ကုန်ပစ္စည်းတွေ သိုလှောင်ထားနိုင်တယ်လို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

ရေတိုဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အထူးသဖြင့် မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်တွေ ဈေးနှုန်းတိုးမြင့်လာနိုင်တယ်လို့ ဘောဂဗေဒပညာရှင်တယောက်က ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013