
ဘုန်းမောက်နဲ့ ရှုံးပွဲအပေါ် လက်ခံနိုင်စရာမရှိကြောင်း အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ပြောသွားပါတယ်။
အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မတိုင်ခင် ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
ဒက်ကလန်ရိုက်စ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန် ၆၇ နဲ့ ၇၅ မိနစ်တွေမှာ ဘုန်းမောက်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားတာပါ။
ပထမပိုင်းမှာ ဦးဆောင်ဂိုးရပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းကစားပုံက လက်ခံနိုင်စရာ မရှိဘဲ အလွန်နှေးကွေးစွာ ကစားခဲ့ကြောင်း အသင်းခေါင်းဆောင် အိုဒီဂတ်က ပြောပါတယ်။
ပီအက်စ်ဂျီနဲ့ ပွဲကြီးပွဲကောင်းရှိနေတဲ့အတွက် ဘုန်းမောက်နဲ့ ရှုံးပွဲကို မေ့ထားပြီး ရှေ့ဆက်သွားဖို့ လိုအပ်ကြောင်းနဲ့ ပီအက်စ်ဂျီနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့လိုအပ်ကြောင်း အိုဒီဂတ်က ပြောသွားပါတယ်။