
ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို အသင်းရဲ့ဂုဏ်သိက္ခာအတွက် ကစားသွားရမယ်လို့ မန်ယူ နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ လက်ကျန်ပရီးမီးယာလိဂ်ပွဲစဉ် အဖြစ် ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီး၊ အက်စ်တန်ဗီလာ အသင်းတွေနဲ့ ကစားရမှာပါ။
မန်ယူအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘီလ်ဘာအိုကို ၃ ဂိုးပြတ် အနိုင်ရထားတာကြောင့် ဗိုလ်လုပွဲတက်ပြီး ဆုဖလားရယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ လိုအပ်နေတာကြောင့် ပရီးမီးယားလိဂ် ထက်စာရင် ယူရိုပါလိဂ်ကို ပိုမိုအာရုံစိုက်သွားရမှာပါ။
နည်းပြအာမိုရင်ကတော့ ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်စရာ ရည်မှန်းချက်မရှိတာကြောင့် အသင်းရဲ့ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာတွေ ကင်းစင်နေဖို့ လိုအပ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo:Reuters