
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နဲ့ တခြား အဓိက အမေရိကန်သူလျှိုဌာနတွေမှာ ဝန်ထမ်းလျှော့ချဖို့ သိသိသာသာ လုပ်ဆောင်နေတယ်လို့ အဲဒီအစီအစဉ်တွေနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက မေ ၂ ရက်မှာ ရေးပါတယ်။
CIA ဟာ ရာထူးနေရာပေါင်း ၁၂၀၀ ကို လျှော့ချဖို့ စီစဉ်ထားပြီး အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းရဲ့ တခြားနေရာတွေမှာ လူပေါင်းထောင်ချီ အလုပ်ပြုတ်ဖို့ရှိတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလမှာ စတင်တာဝန်ယူကတည်းက ထရမ့်ပ်နဲ့ သူ့ရဲ့ ဘီလျံနာ မဟာမိတ် အီလွန်မတ်စ်ခ် တို့ဟာ အစိုးရအေဂျင်စီ အသီးသီးကို ဖြိုဖျက်ပစ်ခဲ့တဲ့ ကုန်ကျစရိတ်လျှော့ချရေး အစီအစဉ်ကို တွန်းအားပေး လုပ်ဆောင်ခဲ့တာကြောင့် ဖယ်ဒရယ်အလုပ်သမား ၂ သိန်းကျော် အလုပ်ထွက် ခဲ့ကြရပါတယ်။
Source:Reuters