DVB Logo
Home
နိုင်ငံတကာ
CIA အပါအဝင် အမေရိကန်သူလျှိုအေဂျင်စီများကို လူလျှော့ရန် ထရမ့်ပ် အစိုးရစီစဉ်
DVB
·
May 3, 2025
CIA အပါအဝင် အမေရိကန်သူလျှိုအေဂျင်စီများကို လူလျှော့ရန် ထရမ့်ပ် အစိုးရစီစဉ်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နဲ့ တခြား အဓိက အမေရိကန်သူလျှိုဌာနတွေမှာ ဝန်ထမ်းလျှော့ချဖို့ သိသိသာသာ လုပ်ဆောင်နေတယ်လို့ အဲဒီအစီအစဉ်တွေနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက မေ ၂ ရက်မှာ ရေးပါတယ်။ 

CIA ဟာ ရာထူးနေရာပေါင်း ၁၂၀၀ ကို လျှော့ချဖို့ စီစဉ်ထားပြီး အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းရဲ့ တခြားနေရာတွေမှာ လူပေါင်းထောင်ချီ အလုပ်ပြုတ်ဖို့ရှိတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဇန်နဝါရီလမှာ စတင်တာဝန်ယူကတည်းက ထရမ့်ပ်နဲ့ သူ့ရဲ့ ဘီလျံနာ မဟာမိတ် အီလွန်မတ်စ်ခ် တို့ဟာ အစိုးရအေဂျင်စီ အသီးသီးကို ဖြိုဖျက်ပစ်ခဲ့တဲ့ ကုန်ကျစရိတ်လျှော့ချရေး အစီအစဉ်ကို တွန်းအားပေး လုပ်ဆောင်ခဲ့တာကြောင့် ဖယ်ဒရယ်အလုပ်သမား ၂ သိန်းကျော် အလုပ်ထွက် ခဲ့ကြရပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013