
မန်စီးတီးအသင်းကနေ ထွက်ခွာပြီးနောက်မှာ နောက်ထပ်အလုပ်တခုကို လုပ်ဆောင်သေးမှာ မဟုတ်ဘဲ ခေတ္တအနားယူဦးမှာဖြစ်တယ်လို့ နည်းပြပတ်ဂွါဒီယိုလာက ပြောပါတယ်။
စပိန်နည်းပြဟာ မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာပါ။ မန်စီးတီးအသင်းက ထုတ်ပယ်မယ်ဆိုရင်တော့ အသင်းကနေ ထွက်ခွါရမှာဖြစ်ပြီး လက်ရှိအတိုင်းဆိုရင် နောက်ထပ် ဘယ်လောက်ကြာတဲ့အထိ အသင်းမှာဆက်ရှိမလဲဆိုတာ မပြောနိုင်ကြောင်း ဂွါဒီယိုလာကပြောပါတယ်။
အဆုံးသတ်မှာ အသင်းကနေ ထွက်ခွါဖြစ်ခဲ့ရင် ဘောလုံးလောကကို ပြန်လာဦးမှာမဟုတ်ဘဲ မိသားစုနဲ့အတူ ခေတ္တအနားယူသွားမှာဖြစ်ကြောင်း ဘရာဇီး ESPN သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
ဂွါဒီယိုလာကိုခေါ်ယူဖို ဘရာဇီးအသင်းအပါအဝင် နိုင်ငံ့လက်ရွေးစင် အတော်များများကလည်း စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
Photo: Reuters