DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးလိုအဖြစ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် သင်ခန်းစာယူသင့်
DVB
·
November 9, 2014
ကိုပါကြီးလိုအဖြစ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် သင်ခန်းစာယူသင့်
Donate to DVB

ကိုပါကြီးအမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြီး ဒီလိုအဖြစ်မျိုးတွေ  တိုင်းရင်းသားဒေသတွေမှာ ထပ်မံမဖြစ်ပေါ်စေဖို့ တပ်မတော် အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သင်ခန်းစာယူသင့်တယ်လို့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုလိုက်ပါတယ်။

[caption id="attachment_69911" align="aligncenter" width="420"]အလောင်းပြန်လည်တူးဖော်စဉ် အလောင်းပြန်လည်တူးဖော်စဉ်[/caption]

နိုဝင်ဘာလ ၉ ရက်နေ့က ကြည်မြင်တိုင်သာဓုကျောင်းမှာ ကိုပါကြီးတလပြည့် ဆွမ်းသွတ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ကိုပါကြီးလိုအမှုမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ပေးပြီး စစ်တပ်က သင်ခန်းစာယူသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလို လက်လွတ်စပယ် လုပ်တိုင်းလုပ်တိုင်းဟာ ကျနော်တို့ သတင်းမရနိုင်တဲ့ နယ်စပ်ဒေသတွေမှာ အများကြီး ရှိနိုင်တယ်။ စစ်တပ်က ပြုကျင့်သလို ရှိသလိုပဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြုကျင့်တာတွေလည်း ရှိတယ်။ ဒါတွေဟာ တကယ်တမ်း ပြည်သူတွေဟာ မြေစာပင်ဖြစ်နေရတဲ့ ဘ၀ကို ဒီလိုကိုပါကြီးလို အမှုမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြီးရင် စစ်တပ်ကလည်း သင်ခန်းစာ ယူလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ လူ့အခွင့်ရေးချိုးဖောက်ခံရပြီး သေဆုံးသွားတဲ့လူတွေရှိသလို ဒီမိုကရေစီအစိုးရအပြောင်းအလဲမှာ အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ ပြောင်းလဲဖို့လိုတယ်လို့ အခမ်းအနား တက်ရောက်တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ၊ နယ်စွန်နယ်ဖျားတွေမှာလည်း သတင်းသမားတွေမသိတဲ့ ဒီလို လူမသိသူမသိ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တယ်။ အခု ကိုပါကြီးကတော့ ဒီလိုဖြစ်သွားပြီ။ မြန်မာနိုင်ငံကလည်း အာဏာရှင်နိုင်ငံစနစ်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကူးပြောင်းနေတဲ့ ကာလဖြစ်တယ်။ ဒီလို ကာလမျိုးမှာ အရင် အာဏာရှင်စနစ်တုန်းက လုပ်ခဲ့တဲ့၊ ပြုခဲ့တဲ့ အကျင့်အကြံတွေ ပြောင်းလဲဖို့ လိုပြီ။”

အဲဒီအခမ်းအနားမှာ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာကလည်း ကိုပါကြီးလိုမျိုး တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် ကိုပါကြီးအမှုကို တရားမျှတစွာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် လူ့အခွင့်ရေးချိုးဖောက်မှု နည်းသွားမယ်လို့ ပြောပါတယ်။

“ဒီအမှုတခုကို ကျမတို့ အောင်အောင်မြင်မြင် တရားမျှတစွာ လုပ်နိုင်မယ်ဆိုရင် နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိတော့ဘူးလို့ မဆိုလိုဘူး။ ဒါပေမယ့် အခိုက်အတန့်အားဖြင့်တော့ လူသိသွားပြီ။ ဒီအမှုတွေ ဒီလိုပေါ်လာရင် ဘယ်လိုလုပ်ကြရမယ်ဆိုတာ သိသွားပြီဆိုတဲ့ နည်းလမ်းတခုကြောင့် အခိုက်အတန့်တော့ ရပ်တန့်သွားမယ်ထင်တယ်။ နိုင်ငံတကာကလည်း အခု မြန်မာနိုင်ငံ ပြောင်းလဲနေပြီဆိုတဲ့အခြေအနေမျိုးမှာ ဒီလိုမျိုး လူ့အခွင့်အရေး အကြီးဆုံးချိုးဖောက်မှု၊ နိုင်ငံသားအခွင့်အရေး အကြီးဆုံးချိုးဖောက်မှုတခုကို တွေ့လာတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မပြောင်းလဲသေးတဲ့ ဖြစ်စဉ်တခုကို နိုင်ငံတကာကလည်း သိလိမ့်မယ်လို့ ကျမထင်တယ်။”

ဒ့ါအပြင် ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ဘယ်လိုရှိရှိ အမှုမှန် ပေါ်ပေါက်ရေးအတွက် နောက်မဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ကိုပါကြီး ဇနီးက ပြောပါတယ်။

လောလောဆယ်မှာ မှုခင်း ဆရာဝန်တွေ စစ်ချက်အရ ကိုပါကြီးရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၅ ချက်တွေ့တယ်လို့ ပြောဆိုထားပါတယ်။

ဒီအမှုအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပစ်ခတ်မှုမှာ ပါဝင်တဲ့ ကျိုက်မရောမြို့နယ် စစ်တပ်က တာဝန်ရှိသူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့  ဆိုထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013