
ကွင်းလယ်လူ ရိုဒရီနဲ့ တိုက်စစ်မှူး ဟာလန်းတို့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုသွားပါတယ်။
စပိန်ကွင်းလယ်လူ ရိုဒရီဟာ ပြီးခဲ့တဲ့စက်တင်ဘာလက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကတည်းက ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ၈ လခန့် အနားယူခဲ့ရပြီးနောက်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာပါ။
တိုက်စစ်မှူး ဟာလန်းလည်း ဘုန်းမောက်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး ကာလအတန်ကြာ အနားယူခဲ့ရတာပါ။
ဒါပေမဲ့ ဟာလန်း မပါဝင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင် တပွဲသာ သရေကျခဲ့တာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့အတွက် လက်ကျန် ၄ ပွဲမှာ နိုင်ပွဲရဖို့ လိုအပ်နေပြီး တိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ရိုဒရီတို့ ပြန်ကစားနိုင်တော့မှာက အသင်းအတွက် အားသာချက် ဖြစ်စေခဲ့ပါတယ်။