DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပြေးဒုက္ခသည်များ အထည်ချုပ်လုပ်ငန်းကနေ တနိုင်တပိုင် ၀င်ငွေရှာ
DVB
·
November 9, 2014
ကချင်စစ်ပြေးဒုက္ခသည်များ အထည်ချုပ်လုပ်ငန်းကနေ တနိုင်တပိုင် ၀င်ငွေရှာ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဂျန်မိုင်ကောင်း (KBC) စစ်ရှောင်စခန်းမှာ အပိုဝင်ငွေရရှိရေးအတွက် တနိုင်တပိုင် အထည်ချုပ်လုပ်ငန်းတွေ လုပ်ကိုင်ပြီး ဝင်ငွေရှာနေရပါတယ်။

မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်က ဂျန်မိုင်ကောင်း KBC စစ်ရှောင်စခန်းမှာ အမျိုးသမီးတွေစုဖွဲ့ပြီး ဝင်ငွေရရှိဖို့ ကျောင်းစိမ်းဝတ်စုံတွေ၊ ကလေး-လူကြီး အင်္ကျီဘောင်းဘီတွေကို ချုပ်လုပ်ပြီး ပြည်နယ်အတွင်းက တခြားစစ်ရှောင်စခန်းတွေနဲ့ နီးစပ်တဲ့ လူနေရပ်ကွက်က ဈေးတွေမှာ အထည်တွေကို ရောင်းချနေရပါတယ်။

[caption id="attachment_56026" align="alignright" width="325"]လဂါတ်ယန် ဒုက္ခသည်စခန်း (ဓာတ်ပုံ - အောင်ကျော်ဇော) ကချင်ဒုက္ခသည်စခန်း တခုဖြစ်တဲ့ လဂါတ်ယန် (ဓာတ်ပုံ - အောင်ကျော်ဇော)[/caption]

အခုလို လုပ်ငန်းလုပ်ကိုင်ဖို့ ရင်းနှီးမတည်ငွေ အတွက် အဖွဲ့ဝင်တွေက တဦးကို ကျပ်ငွေ ၅ ထောင်စီစုပြီး အရင်းနှီး ၁ သိန်းလောက်နဲ့ လုပ်ငန်းလည် ပတ်ထား တယ်လို့ ပြော ပါတယ်။

စက်ချုပ်အဖွဲ့ခေါင်းဆောင် မရန်နန်လုက “ကျမတို့လည်း အစပိုင်းတုန်းကတော့ ဝင်ငွေမရှိဘူးပေါ့။ သူတို့လည်း ထောက်ပံ့တယ်ဆိုပေမယ့် လုံလောက်မှုမရှိဘူးပေါ့နော်။ နောက် ကျမတို့အဖွဲ့သားတွေဆီကနေ တယောက်ကို ၄-၅ ထောင်စီစုပြီးတော့မှ ဒီလုပ်ငန်းကို စတင်ခဲ့တယ်” လို့ ပြောပါတယ်။

ရောင်းချလို့ ရတဲ့ဝင်တွေကို သုံးပုံပုံပြီး စခန်းအသုံးစရိတ်အတွက် တပုံ၊ နောက်ပြီး လုပ်ငန်းအရင်းနှီးအတွက် တပုံ၊ ကျန်တဲ့တပုံကိုတော့ အဖွဲ့ဝင်တွေက ခွဲဝေယူကြရမှာ တလကို တယောက် ကျပ်ငွေ ၂ ထောင်ကနေ ၃ ထောင်ဝန်းကျင်ရရှိကြတယ်လို့ ဆိုပါတယ်။

ဒီအထည်ချုပ်လုပ်ငန်းကို စခန်းအတွင်းက အမျိုးသမီး ၁၇ ယောက်ပါဝင်တဲ့ လူထုအခြေပြု ကာကွယ်စောင့်ရှောက်ရေး အမျိုးသမီးအဖွဲ့က စက်အရေတွက် ၁၂ လုံးသာ ရှိတဲ့အအတွက် အလှည့်ကျပုံစံနဲ့ ချုပ်လုပ်နေကြရတယ်လို့ မရန်နန်လုက ပြောပါတယ်။

“အကုန်လုံးက ဒီစက်ပညာကို သင်ထားတော့ ဒီစက်နဲ့အလုပ် လုပ်ချင်တာပေါ့နော်။ တပြိုင်တည်း ချုပ်ဖို့ဆိုတာက မလွယ်ဘူးလေ။ အဲဒါကြောင့် ကျမတို့အဖွဲ့တွေက တဖွဲ့ကို ၅ ယောက်စီလုပ်ပြီး အဲဒီ ၅ ယောက်က တပတ်မှာ ၃ ရက်ဆို ၃ ရက်၊ ၂ ရက်ဆို ၂ ရက် ချိန်းပြီးတော့ ချုပ်ရတယ်။”

KBC စစ်ရှောင်စခန်းအတွင်း စက်ချုပ်သင်တန်းကို ၂၀၁၃ ခုနှစ် ဧပြီလကတည်းက စခန်းအတွင်းက အမျိုးသမီးအယောက် ၄၀ ကို သင်ကြားပေးထားပြီး လုပ်ငန်းစတင်ထားတာပါ။

အခုစက်ချုပ်ခုံတွေကို NGO အဖွဲ့တွေက ထောက်ပံ့ထားတာဖြစ်ပြီး လုပ်ငန်းလည်ပတ်ဖို့အတွက်ကိုလည်း တလ ကျပ်ငွေ ၆ သောင်းကို ထောက်ပံ့ထားတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။

စခန်းတာဝန်ခံ ဆရာနော်တောင်က “သူတို့တွေ အင်္ကျီက အစုံချုပ်တယ်။ ဒါပေမယ့်လည်း စီးပွားရေးက သိပ်မဖြစ်သေးဘူး။ များသောအားဖြင့် ကလေးအင်္ကျီတွေ ချုပ်ပြီးရောင်းတော့ ရောင်းရတာတွေရှိသလို၊ မရောင်းရတာတွေလည်း ရှိပါတယ်။ ပိုတဲ့ အင်္ကျီတွေကိုတော့ ဒီမှာပဲ ခက်ခဲနေတဲ့ ကလေးတွေကို ဝေငှပေးတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အကြီးဆုံးစစ်ရှောင်စခန်းဖြစ်တဲ့ ဂျန်မိုင်ကောင်း KBC စစ်ရှောင်စခန်းမှာ စစ်ဘေးသင့်ပြည်သူတွေ ၂၀၁၁ ခုနှစ်ကတည်းကနေ အခုချိန်ထိ လာရောက်ခိုလှုံနေကြတာ ကလေး၊ လူကြီး အရေတွက် ၁ ထောင်နီးပါးရှိနေပြီး သူတို့တွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆွမ်ပရာပွန်၊ ဖားကန့်မြို့နယ်တို့ရှိ ကျေးရွာ ၁၇ ရွာကနေ လာရောင်ခိုလှုံနေကြတာပါ။

စခန်းအတွင်းနေထိုင်သူတွေအတွက် စားနပ်ရိပ်က္ခာတွေကို INGO/NGO ထောက်ပံ့နေပေမယ့်လည်း စခန်းအတွင်းက နေထိုင်သူတွေဟာ ဝင်ငွေရရှိဖို့အတွက် အခုလို စက်ချုပ်လုပ်ငန်းတွေ လုပ်ကိုင်နေကြသလို နီးစပ်ရာပတ်ဝန်းကျင်တွေမှာ နေ့စားလုပ်ငန်းတွေဖြစ်တဲ့ ပန်းရန်၊ ကောက်စိုက်၊ ကောက်ရိတ် ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ပြည့်နှစ် အစိုးရသစ်တက်လာပြီးနောက်ပိုင်း အစိုးရတပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာ သုံးနှစ်ကျော်လာတာနဲ့အမျှ စစ်ဘေးရှောင် ပြည်သူတွေ ၁၂၀၀၀၀ ကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013