DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး ပေါင်းတည်မြို့တွင် ဆန္ဒပြ
DVB
·
November 9, 2014
ဖွဲ့စည်းပုံပြင်ရေး ပေါင်းတည်မြို့တွင် ဆန္ဒပြ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတရပ်ကို ပေါင်းတည်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

no prဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ပဲခူးတိုင်း ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ကျင်းပခဲ့တာလို့ ကွန်ရက်အဖွဲ့ဝင် ကိုခင်မောင်နိုင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်မှ ဒီမိုကရေစီစံနှုန်းနဲ့အညီ အခြေခံဥပဒေပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ လက်ရှိသမ္မတနဲ့ ပြည်သူ့လွှတ်တော် အမတ်တွေ အပါအ၀င် ပြည်သူအားလုံးဟာ ဒီအခြေခံဥပဒေကို ပြင်ဆင်ဖို့ တာဝန်ရှိနေတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်တာလို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပီအာစနစ်အလိုမရှိ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး လူဦးရေ ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲအတွက် နိုဝင်ဘာ ၄ ရက်နေ့က ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပြီး ၈ ရက်နေ့မှာတော့ ခွင့်ပြုမိန့် ပြန်လည်ချပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013