DVB Logo
Home
မြန်မာသတင်း
တားမြစ်ခံ ကျောင်းသားထု အစည်းအဝေး နာရေးကူညီမှုအသင်းတွင် လုပ်မည်
DVB
·
November 9, 2014
တားမြစ်ခံ ကျောင်းသားထု အစည်းအဝေး နာရေးကူညီမှုအသင်းတွင် လုပ်မည်
1 / 2
Donate to DVB

တားမြစ်ခံထားရတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို မြောက်ဒဂုံနာရေးကူညီမှုအသင်းမှာ ပြုလုပ်သွားမယ်လို့ စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင်က ပြောပါတယ်။

[caption id="attachment_70329" align="alignright" width="334"]သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption]

ကျောင်းသားထု အရေးပေါ်အ စည်းအဝေးကို တာဝန်ရှိသူတွေ က ခွင့်ပြုမိန့်မပေး လည်း ပြုလုပ် သွား မယ်လို့  ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြော ဆိုလိုက် တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးကြမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်  အစည်းအဝေးကို ရန်ကုန် မရမ်းကုန်းမြို့နယ် ခ၀ဲခြံ မျက်မမြင်ကျောင်းမှာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားတာကို အာဆီယံထိပ်သီးအစည်းအဝေးရှိနေတာကို အကြာင်းပြပြီး ခွင့်မပြုတဲ့အတွက် နေရာပြောင်း ကျင်းပတာ ဖြစ်ပါတယ်။

student meetingနိုင်ငံလုံးဆိုင် ရာ ကျောင်းသားထု အရေးပေါ်အစည်း အဝေးအတွက် လိုအပ်ငွေ သိန်း ၁၀၀ ဖြစ်ပြီး လက်ရှိ အလှုငွေကောက် ခံလို့ ရငွေက သိန်း ၆၀ ရရှိထားတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံတ၀န်း ပြည်နယ်တိုင်း ခရိုင်အသီးသီးက ကျောင်းသားအဖွဲ့ အစည်းဝင်တွေနဲ့ စိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေ ရာနဲ့ချီ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013