DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားဆီ ဆက်သွယ်သည့် လမ်းတံတားသစ် ၁ စင်း ရုရှား စတင်တည်ဆောက်
DVB
·
May 1, 2025
မြောက်ကိုရီးယားဆီ ဆက်သွယ်သည့် လမ်းတံတားသစ် ၁ စင်း ရုရှား စတင်တည်ဆောက်
Donate to DVB

ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် တူမန်မြစ်ကို ဖြတ်မယ့် လမ်းတံတားသစ်တစင်းကို ဧပြီ ၃၀ ရက်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ရုရှားဝန်ကြီးချုပ်က ပြောပါတယ်။

ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်မှာ တာဝန်ပေးအပ်ခဲ့တဲ့ ရထားလမ်းတံတား ဖြစ်ပြီး လက်ရှိတည်ရှိနေဆဲ ချစ်ကြည်ရေးတံတားနားမှာ အသစ်ဆောက်နေတာပါ။

တံတားသစ် တည်ဆောက်မှု စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင်က ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးမှာ အရေးပါတဲ့ ဖြစ်ရပ်တခုလို့ ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းဌာနTASS က ဖော်ပြပါတယ်။

နှစ်ပေါင်းများစွာ ဆွေးနွေးနေဆဲဖြစ်တဲ့ လမ်းတံတားအသစ်ဟာ ၂၇၈၉ ပေ ရှိပြီး ရုရှားအဝေးပြေးလမ်း စနစ်နဲ့ ချိတ်ဆက်မှာပါ။

၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားဆီ ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်လည်ပတ်ချိန်က ဒီတံတားဆောက်ဖို့ သဘောတူခဲ့ပါတယ်။

ဒီတံတားဟာ ၂၀၂၆ နွေရာသီမှာ အဆင်သင့်ဖြစ်နေမယ်လို့ ရုရှားနိုင်ငံထုတ် ကွန်မားဆန့် သတင်းစာမှာ ဖော်ပြပါတယ်။

တံတားဟာ လုပ်ငန်းရှင်တွေအတွက် သယ်ယူပို့ဆောင်ရေးပမာဏ သိသိသာသာတိုးလာစေပြီး သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို လျှော့ချနိုင်စေမယ်၊ ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ ပံ့ပိုးပေးမှာ ဖြစ်ပြီး ကုန်ပစ္စည်းအမျိုးမျိုးအတွက် ယုံကြည်စိတ်ချရပြီး တည်ငြိမ်တဲ့ အထောက်အပံ့တွေ ရတာ သေချာစေမယ်လို့ မစ်ရှုစတင်က ပြောတဲ့ အကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013