DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး အန်အယ်လ်ဒီ အမတ်အားလုံးနီးပါး ဆွေးနွေးရန်ရှိ
DVB
·
November 9, 2014
ဖွဲ့စည်းပုံပြင်ရေး အန်အယ်လ်ဒီ အမတ်အားလုံးနီးပါး ဆွေးနွေးရန်ရှိ
Donate to DVB

ဒီတကြိမ်လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစီရင်ခံစာအပေါ် လွှတ်တော်အမတ်တွေက ၀ိုင်းဝန်းဆွေးနွေးကြဖို့ရှိပြီး အဖွဲ့ချုပ်အမတ်တွေ အားလုံးလောက်နီးနီး ဆွေးနွေးကြမယ်လို့ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

Staff-sell-copies-of-Myanmars-constitution-at-the-Lower-House-of-Parliament-in-Naypyitaw-July-9-2012.-300x192“ကျနော်တို့ အပိုင်းလိုက် အပိုင်းလိုက် ဆွေးနွေးကြ မယ်။ ဘယ်သူ ဘယ်အပိုင်း ဆွေးနွေး မယ်ဆိုတာတော့ စာရင်းပေး ထားပြီးပြီ။ ရွေးကောက် ပွဲစနစ်နဲ့ ပတ် သက်ပြီး ဆွေးနွေးကြဖို့ ၁၀ ယောက်ကျော်လောက် ကျန်သေးတယ်။ အဲ့ဒါပြီးရင် ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်ထင်တယ်။”

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကလည်း ဒီတကြိမ်လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားလှယ် ရာနဲ့ချီ ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဒီတကြိမ်လွှတ်တော်မှာ အဓိကကတော့ ဖွဲ့စည်းပုံနဲ့ ပီအာစနစ်ပေါ့နော်။ နောက် ဘတ်ဂျက်ရှိမယ်၊ အဓိကကတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့်သူ တော်တော်များမယ်ဆိုတော့ အဲ့ဒီမှာ အချိန်ပေးရမယ် ထင်ပါတယ်။ ကျနော်သိသလောက် ရာနဲ့ချီ ဆွေးနွေးကြဖို့ ရှိပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ စာမျက်နှာ ၁၁၆ မျက်နှာရှိတဲ့ အစီရင်ခံစာကို လွှတ်တော်တင်ခဲ့ပါတယ်။

အစီရင်ခံစာမှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မပေါင်း ၄၀၀ ကျော်အနက် ပုဒ်မ ၂၀၀ ကျော် ပြင်ဖို့ ပါရှိပြီး ပြည်သူအများ စိတ်ဝင်စားတဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) တို့နဲ့ ပတ်သက်လို့ ပြင်မယ်၊ မပြင်ဘူးဆိုတဲ့ ကော်မတီရဲ့ သဘောထားမပါဝင်ခဲ့ပါဘူး။

ပုဒ်မ ၄၃၆ နဲ့ ပတ်သက်လို့ ပါတီအသီးသီးရဲ့ အကြံပြုချက်တွေ ဖော်ပြခဲ့ရာမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေက ၄၃၆ မပြင်ဖို့ အကြံပြုထားခဲ့ကြပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီကတော့ အချိန်အခါအလိုက် လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒီတကြိမ်လွှတ်တော်ပြန်စပြီး ဖွဲ့စည်းပုံပြင်ဖို့ကိစ္စ ဆွေးနွေးကြချိန်ဟာ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည် လာရောက်ချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ ဝေဖန်ကြတာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013