DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အရပ်အရှည်ဆုံး ခွေးနှင့် အသေးဆုံး ခွေး တွေ့ဆုံ
DVB
·
April 30, 2025
ကမ္ဘာ့အရပ်အရှည်ဆုံး ခွေးနှင့် အသေးဆုံး ခွေး တွေ့ဆုံ
Donate to DVB

ဂင်းနစ်ရဲ့ နှစ် ၇၀ ပြည့်နှစ်မှာ ကမ္ဘာ့အရပ်အမြင့်ဆုံးခွေးနဲ့ ကမ္ဘာ့အသေးဆုံးခွေးတို့ တွေ့ဆုံခဲ့ပါတယ်။ 

ဂရိတ်ဒိန်း အမျိုးအစား ရက်ဂီအမည်ရ ခွေးဟာ အရပ် ၃ ပေ ၃ လက်မရှိပြီး လက်ရှိ ကမ္ဘာ့အရပ်အမြင့်ဆုံး ခွေးအဖြစ် စံချိန်တင်ထားပါတယ်။ ကမ္ဘာ့အသေးဆုံးခွေးကတော့ ဖလော်ရီဒါမှာရှိတဲ့ ၃.၅၉ လက်မ အမြင့်ရှိ အသက် ၄ နှစ်အရွယ် ပီရီရယ်ပဲ ဖြစ်ပါတယ်။ 

ဒါဟာ သက်ရှိခွေးတွေအနက် ကမ္ဘာ့အမြင့်ဆုံးနဲ့ အသေးဆုံးစံချိန် ရရှိထားတဲ့ ခွေးတွေကို ဂင်းနစ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဂင်းနစ်မှတ်တမ်းရဲ့ ဖော်ပြမှုအရ ၂၀၁၄ ခုနှစ်မှာ သေဆုံးခဲ့တဲ့ ဂရိတ်ဒိန်း အမျိုးအစား “ဇုစ်” အမည်ရ ‌ခွေးဟာ ခြေသည်းကနေ ပခုံးအထိ ၁၁၂ စင်တီမီတာရှိပြီး အချိန်တိုင်းအတွက် ကမ္ဘာ့ အရပ်အမြင့်ဆုံးခွေးအဖြစ် စံချိန်တင်ထားတာတွေ့ရပါတယ်။ 

သက်တမ်း နှစ် ၇၀ ပြည့်မှာ ထူးခြားတဲ့ တင်ဆက်မှုတွေ ပြုလုပ်လေ့ရှိပြီး ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးနဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသမီးတို့ကိုလည်း ဂင်းနစ်က တွေ့ဆုံပေးခဲ့ဖူးပါတယ်။ 

အခုအခါမှာလည်း ကမ္ဘာ့အရပ်အမြင့်ဆုံးခွေးနဲ့ ကမ္ဘာ့အသေးဆုံးခွေးတို့ကို တွေ့ဆုံပေးခဲ့တာ ဖြစ်ပါတယ်။  

သူတို့ ၂ ကောင်ကို အိုင်ဒါဟိုမှာရှိတဲ့ ရက်ဂီရဲ့ အိမ်မှာ တွေ့ ဆုံစေခဲ့တာဖြစ်ပြီး ဂင်းနစ် မှတ်တမ်း နှစ်ပေါင်း ၇၀ ပြည့်အတွက် အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်ကူးခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013