DVB Logo
Home
မြန်မာသတင်း
ပြည်မြို့နယ် ၀က်ထီးကန်တွင် ရေအခက်အခဲဖြစ်
DVB
·
November 9, 2014
ပြည်မြို့နယ် ၀က်ထီးကန်တွင် ရေအခက်အခဲဖြစ်
1 / 2
Donate to DVB

ပဲခူးတိုင်း ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်ထဲက ကျောသာကျေးရွာအုပ်စုမှာ သောက်သုံးရေ တွင်း ၂ တွင်း၊ မိရိုးဖလာတူးထားတဲ့ အုပ်တွင်း ၃ တွင်းကိုပဲ မှီခိုနေရတာကြောင့် နွေမိုးဆောင်း ၃ ရာသီစလုံး ရေအခက်အခဲဖြစ်နေပါတယ်။

Pyi Water Shortage 1 copyအိမ်ခြေ ၂၃၅ ရှိတဲ့ ကျောသာအုပ်စုမှာ စည်ပင်က ကုန်ကျစရိတ်ခံပြီး တူးပေးထားတဲ့ စက်ရေတွင်း အ၀ီဇိတွင်း ၂ တွင်းဟာ ပေ ၂၃၀ အထိနက်ပြီး ရေမထွက်တဲ့အတွက် အဲဒီ ၂ တွင်းထဲက ၁ တွင်းကိုပဲ ဒေသခံရွာသားတွေက ပေ ၄၀၀ အထိ အ၀ီဇိထပ်မံတူးဖော် အသုံးပြုခဲ့ရပါတယ်။

ကျန်တဲ့ စက်ရေတွင်း ၁ တွင်းကိုတော့ စည်ပင်က တူးပေးခဲ့တဲ့ ပေ ၂၃၀ အတိုင်းပဲ အသုံးပြုနေတာကြောင့် ရေထွက်နည်းပြီး မိုးတွင်းလို အချိန်မျိုးမှာတောင် ရေရှားပါးနေတာ ဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းက “ရေတွင်းတူးပေးတုန်းက ပေ ၂၃၀ အထိပဲ တာဝန်ယူတယ်။ ပေ ၂၃၀ နဲ့ ရေမထွက်ရင်၊ ရွာက ကိုယ့်ငွေနဲ့ ကိုယ်စိုက်ထုတ်တူး ရတော့ တွင်း ၂ တွင်းကို ၁ တွင်းကပဲ ပေ ၄၀၀ ထိ ငွေစိုက်ထုတ်ပြီး တူးလို့ ရေရတယ်။ ကျန်တဲ့ ၁ တွင်းကတော့ ဆက်မတူးတော့ မိသားစုတစု သုံးဖို့အတွက်လောက်ပဲ ရေကရတယ်။ ရေကတော့ နွေ၊ မိုး၊ ဆောင်း၊ ၃ ရာသီလုံးရှားတာ” လို့ ပြောပါတယ်။

Pyi Water Shortage 2 copyအ၀ီဇိတွင်းတွေကို ၂၀၀၈ ခုနှစ်မှာ ၁ တွင်း၊ ၂၀၁၃ ဘဏ္ဍာနှစ်မှာ နောက် ၁ တွင်း စည်ပင်သာယာရေးဝန်ကြီးဌာနက ပေ ၂၃၀ အနက်ထိ တူးဖော်ပေးခဲ့တာပါ။

လောလောဆယ်မှာတော့ ဘိုးဘွားစဉ်စက်ကရှိတဲ့ အုပ်တွင်း ၃ တွင်းကို တရွာလုံး အားထား အသုံးပြုနေရပြီး ရေမသန့်တာကိုလည်း ကြုံတွေ့နေရတယ်လို့ ကျောသာကျေးရွာသား ကိုအောင်ဝင်းက ပြောပါတယ်။

မိုးရွာချိန်မှာ ရေလှောင် အသုံးပြုတာတွေ ရှိသလို နွေရာသီဆိုရင်တော့၊ ပတ်ဝန်းကျင်ရွာတွေကို လှည်းနဲ့ သွားပြီး ရေသွားခပ်ယူနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013