DVB Logo
Home
မြန်မာသတင်း
အနှစ်သာရရှိသည့် ဆွေးနွေးပွဲဖြစ်ရေး လေးပွင့်ဆိုင် တောင်းဆိုခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
November 9, 2014
အနှစ်သာရရှိသည့် ဆွေးနွေးပွဲဖြစ်ရေး လေးပွင့်ဆိုင် တောင်းဆိုခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

ဟန်ပြမဟုတ်ဘဲ တကယ်အနှစ်သာရရှိတဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မြောက်နိုင်မယ့် ဆွေးနွေးပွဲမျိုး လိုအပ်တာကြောင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တောင်းဆိုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

DASSK3ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၈ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဒေးကွင်း လူထုဟောပြောပွဲမှာ လေး ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး အတွက် ထည့်သွင်း ပြော ကြားခဲ့တာပါ။

“ကျမတို့က နိုင်ငံတော်သမ္မတရယ်၊ လွှတ်တော်ဥက္ကဋ္ဌရယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ကျမရယ် လေးပွင့်ဆိုင်ဆိုပြီး နိုင်ငံရဲ့ ရှေ့ရေး၊ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့အတွက် ဆွေးနွေးဖို့ ကျမတောင်းခဲ့တာ ၁ နှစ်ခွဲကျော်၊ ၂ နှစ်တောင် နီးလာပါပြီ။ ဒါပေမယ့် လေးယောက်ထဲမှာ အားလုံးက စိတ်ပါမှ လေးပွင့်ဆိုင် ဖြစ်နိုင်တာကို။ တချို့က လေးပွင့်ဆိုင်နဲ့ မလောက်ဘူးဆိုတာ ပြောတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျမက လက်တွေ့ကျကျ ကြည့်တာပါ။ ထိထိရောက်ရောက် အမျိုးသားရင်ကြားစေ့ရေးအတွက် ဖြစ်မြောက်နိုင်မယ့် ဆွေးနွေးပွဲမျိုး၊ ဟန်ပြမဟုတ်ဘူး၊ တကယ့် အဓိပ္ပာယ်ရှိမယ့်၊ အနှစ်သာရရှိမယ့် ဆွေးနွေးပွဲမျိုးအတွက် ဒီလိုလေးပွင့်ဆိုင်လိုအပ်တယ်လို့ ကျမတို့ တောင်းဆိုတာပါ။”

ဒါ့အပြင် လက်ရှိအခြေအနေအရ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပီအာစနစ်နဲ့ ပတ်သက်လို့ ကျင့်သုံးဖို့ တင်ပြသူတွေရဲ့ အချက်အလက်တွေကိုရော၊ အဖွဲ့ချုပ်က တင်ပြတဲ့ အချက်အလက်တွေကိုရော ပြည်သူတွေအနေဲ့ လေ့လာသုံးသပ်ကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

“အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ပြီးတော့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင် လုပ်နေတာလားဆိုပြီး စဉ်းစားစရာ ဖြစ်လာတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအချိန်မှ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို ပြောနေတာမဟုတ်ပဲ ဖက်ဒရယ်လို့ ပြောရင် ဖမ်းဆီးခံနေရတဲ့ စစ်အစိုးရလက်ထက် အချိန်ကတည်းက တစိုက်မတ်မတ် ပြောခဲ့တာလို့လည်း ဆိုပါတယ်။

စစ်မှန်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ရေးဆွဲထားတဲ့ ဖက်ဒရယ်စနစ်ဟာ ပြည်ထောင်စုကို ပိုပြီးခိုင်မြဲစေနိုင်တဲ့ စနစ်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒ သဘောထားတွေကို လွှတ်တော်တွင်း တင်ပြပြီးဖြစ်လို့ ရလဒ်ကို ပြည်သူတွေ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့လွိုင်ကော်လူထုတွေ့ဆုံပွဲကို ဒေသခံအင်အား ၁ သောင်းနီးပါးလောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ကယားပြည်နယ်ခရီးစဉ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013