
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တန် ၅,၀၀၀ ရှိတဲ့ စစ်သင်္ဘောရေချပွဲကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ KRT က ဖော်ပြပါတယ်။
ဒီစစ်သင်္ဘောဟာ ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်တဲ့ စစ်သင်္ဘောအသစ် ဖြစ်ပါတယ်။
ရက်ပေါင်း ၄၀၀ အတွင်း တည်ဆောက်ထားတဲ့ တန် ၅,၀၀၀ စစ်သင်္ဘောမှာ စွမ်းအားအပြင်းဆုံး လက်နက်တွေ တပ်ဆင်ထားပြီး၊ ကိုယ်ပိုင်နည်းပညာ၊ ကိုယ်ပိုင်အင်အားတခုနဲ့ ပြည့်စုံနေတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
KRT ရဲ့ ဖော်ပြချက်အရ ကင်ဟာ နမ်ဖိုမြို့က အနောက်ဘက်ဆိပ်ကမ်းမြို့ကို ရထားနဲ့ လာရောက်ခဲ့တာလို့ သိရပါတယ်။
ဒီ စစ်သင်္ဘောသစ်ရေချပွဲကို ကင်ရဲ့ ညီမဖြစ်သူနဲ့ သမီးဖြစ်သူတို့လည်း တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီသင်္ဘောကို ‘ကြီးကျယ်တဲ့ ကင်မ်ဂျုံအန်း စတိုင်စစ်သင်္ဘော’ လို့ မီဒီယာမှာ ဖော်ပြပါတယ်။
သင်္ဘောရဲ့ အဆင့်ကို ချိုဟွန်းအဆင့်လို့ သတ်မှတ်ထားပြီး ဂျပန်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးသမား ချိုဟွန်းကို အစွဲပြုမှည့်ခေါ်တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Source: Reuters