DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငလျင်ဘေး ကူညီရန် ဂျပန်မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်
DVB
·
April 27, 2025
မြန်မာ့ငလျင်ဘေး ကူညီရန် ဂျပန်မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်
Donate to DVB

မြန်မာ့ငလျင်ဘေး နောက်ဆက်တွဲအရေးကိစ္စတွေ ကူညီဖို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ကျွမ်းကျင်ပညာရှင်အဖွဲ့တဖွဲ့ စေလွှတ်သွားဖို့ ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီအဖွဲ့ဟာ ဧပြီ ၂၇ ရက် ဒီကနေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး ရန်ကုန် အပါအဝင် မန္တလေးနဲ့ ဘေးသင့်ဒေသတွေဆီ သွားရောက်မှာဖြစ်သလို ဘေးဒဏ်သင့်ဒေသတွေရဲ့ အခြေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို အကဲဖြတ် ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံအစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးအပ်တာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် အရေးပေါ်ထောက်ပံ့ငွေ ပေးအပ်ခဲ့သလို နောက်ထပ်လိုအပ်ချက်တွေအတွက် အကူအညီတွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

Source ; Ministry of Foreign Affairs of Japan

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013