DVB Logo
Home
မြန်မာသတင်း
ဆင်ပေါင်ဝဲမြို့နယ်ရှိ  ကပစ ၁၃ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
April 27, 2025
ဆင်ပေါင်ဝဲမြို့နယ်ရှိ  ကပစ ၁၃ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ထဲမှာ တည်ရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃) ကို ဧပြီ ၂၅ ရက် ည ၁၂ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရာရှိတွေ အပါအဝင် စစ်သားတွေ သေဆုံးဒဏ်ရာရခဲ့ကြသလို ဆီဂိုဒေါင်တွေ အပါအဝင် အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ဆီကနေ သိရပါတယ်။

BWMရဲ့ ပြန်ကြားရေးတာဝန်ခံက  “နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး မစ်ရှင်အမှတ် ၃၄ အဖြစ် ဆင်ပေါင်ဝဲ ကပစ ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်တိုက်ခဲ့တဲ့အခါမှာ ပစ်လိုက်တဲ့ ၁၀ လုံးစလုံး ပစ်မှတ်ဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ နယ်မြေခံတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ Upper Minhla PDF၊ People independence army (PIO/PIA) တို့နဲ့အတူ Shadow (အညာ)၊ No More Dictatorship-NMD၊ Eagle Brigade တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က အရာရှိ ၃ ယောက်၊ စစ်သား ၁၂ ယောက် အပြင်းအထန် ဒဏ်ရာရပြီး ဒဏ်ရာရတဲ့အထဲက အခြားအဆင့် ၅ ယောက် သေသွားတယ်လို့  မင်းလှအထက်ပိုင်း PDF တာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။

“အရာရှိတွေကတော့ သေတယ်ဆိုတဲ့ သတင်းမရသေးဘူး။ မသေဘဲ ဒဏ်ရာရတဲ့ အရာရှိတွေနဲ့ စစ်သားတွေကို မကွေး တဆရ ၁၆ ခုတင် ၁ဝဝ စစ်ဆေးရုံကို ပို့လိုက်တယ်။ အဲဒီတပ်ထဲက ဆီဂိုဒေါင်တွေအပြင် တခြားအဆောက်အအုံတွေလည်း ပျက်စီးတယ်။”

တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ ကပစ ၁၃ အတွင်းက Primer Workshop အတွင်းကို ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး Chemical Shop ၁ လုံး ထိမှန် ပျက်စီး မီးလောင်ခဲ့​သလို ဂါလံ ၅ဝဝဝ ဆန့် မီးထိုးဆီ (Fire Oil) သိုလှောင်ကန် မီးလောင် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

BWM အဖွဲ့ဟာ ဧပြီ ၁၈ ရက်ကလည်း မစ်ရှင်အမှတ် ၃၃ အဖြစ် စစ်ကောင်စီတပ်အခြေစိုက်တဲ့ နေပြည်တော်၊ အေလာလေတပ်စခန်းအား ၁၀၇ မမရှော့တိုက်ဒုန်း ၃ လုံးနဲ့ပစ်ခတ်တိုက်ခဲ့သေးလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး လေဆိပ်အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013