
တိုက်စစ်ကစားသမား ၂ ယောက်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို အငှားချခဲ့တာက အသင်းအနာဂတ်အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ နည်းပြအာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်ကို အက်စ်တန်ဗီလာ၊ အန်တိုနီကို ရီးရဲလ်ဘက်တစ် အသင်းတွေဆီ ရာသီဝက်စာချုပ်နဲ့ အငှားစေလွှတ်ခဲ့တာပါ။
သူတို့ ၂ ယောက်ရဲ့နေရာမှာ ကစားသမားသစ် ခေါ်ယူခြင်းမရှိခဲ့တာက စွန့်စားရာကျပေမဲ့လည်း သွင်းဂိုးတွေ များများရတာထက်ပိုပြီး အရေးကြီးတဲ့ အရာတွေလည်း ရှိသေးကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
လက်ရှိအချိန်မှာ ကစားသမားအင်အား လျော့နည်းသွားတာက အသင်းအတွက် ထိခိုက်နိုင်ပေမဲ့လည်း အနာဂတ်မှာတော့ အသင်းကို အကူအညီ ဖြစ်စေလိမ့်မယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ ရှက်ဖို့ဒ်နဲ့ အန်တိုနီတို့အပြင် ဂျေဒန်ဆန်ချိုကိုလည်း ချဲလ်ဆီးဆီ အငှားချထားပြီး အဲဒီတိုက်စစ် ကစားသမား ၃ ယောက်ကို အငှားချတာကနေတဆင့် ကစာသမားသစ်တွေ ပြန်လည်ခေါ်ယူဖို့ ဘဏ္ဍာရေးဆိုင်ရာ အားသာချက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။