DVB Logo
Home
မြန်မာသတင်း
CDF CDM Siyin အဖွဲ့အမည်ဖြင့် လိမ်လည်ငွေကောက်ခံသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်း
DVB
·
April 26, 2025
CDF CDM Siyin အဖွဲ့အမည်ဖြင့် လိမ်လည်ငွေကောက်ခံသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်း
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် CDF CDM Siyin တပ်ဖွဲ့အမည်ကို လိမ်လည်အသုံးပြုပြီး ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံသူ ၂ ယောက်ကို ဧပြီ ၂၅ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF CDM Siyin ဆီကနေ သိရပါတယ်။

CDF CDM Siyin ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့တွေက ကျနော်တို့ CDF CDM Siyin အဖွဲ့ရဲ့နာမည်ကို အကြိမ်ကြိမ်အလွဲသုံးစားလုပ်ပြီး ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံတာတွေ လုပ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် Min Pum Kim နဲ့ အသက် ၃၃ နှစ်အရွယ် Pum Ngin တို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ သူက ဆက်ပြောပါတယ်။

သူတို့ဟာ CDF CDM Siyin အဖွဲ့အမည်ကိုအသုံးပြုပြီး တီးတိန်မြို့ပေါ်မှာ ငွေကြေးတောင်းရမ်းတဲ့အပြင် ဧပြီ ၂၁ ရက်နေ့ကလည်း Akluai ကျေးရွာက ခရီးသွားပြည်သူတွေကို တားဆီးပြီး ငွေကြေးတောင်းရမ်းခဲ့တယ်လို့ ဆိုပါတယ်။

CDF CDM Siyin ရဲ့ စစ်ဦးစီးချုပ် ထောင်းပူ က “အရင်တခါကလည်း သိုင်းငင်းတိုက်ပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ အဖွဲ့ပိုင်ပစ္စည်းတချို့ကို ခိုးပြီးရောင်းစားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းသတိပေးခဲ့ပြီး ပြန်လွှတ်ပေးထားခဲ့တာ။ အခုတကြိမ်က ဒုတိယမြောက်ကျူးလွန်တာဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့တွေကို သူတို့ရဲ့ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

အာဏာရှင်တော်လှန်ရေးနဲ့ CDF CDM Siyin အဖွဲ့ပုံရိပ်တွေကို ကျဆင်းအောင်ပြုလုပ်ဆောင်ရွက်တဲ့ ဘယ်သူ့ကိုမဆို နောက်နောင်မှာခွင့်လွှတ်မှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတာ သတိပေးထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013