DVB Logo
Home
မြန်မာသတင်း
လေယာဉ်ဆီတင်သွင်းရန် စစ်ကောင်စီကို မြိတ်ခရိုနီများ ကူညီနေ ဟု ပကဖပြော
DVB
·
April 26, 2025
လေယာဉ်ဆီတင်သွင်းရန် စစ်ကောင်စီကို မြိတ်ခရိုနီများ ကူညီနေ ဟု ပကဖပြော
Donate to DVB

တနင်္သာရီတိုင်းမှာ ကော့သောင်းမြို့ကနေ မြိတ်မြို့ကို စစ်ကောင်စီက လေယာဉ်ဆီတင်သွင်းရာမှာ မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေက ရေလမ်းကနေတဆင့် ပို့ဆောင်တာတွေရှိခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်ခံရတဲ့သူတွေကို ရေလမ်းကနေတဆင့် ပို့ဆောင်ရာမှာလည်း ပူးပေါင်းပါဝင်နေတာကြောင့် ဆက်လက်လုပ်ဆောင်နေရင် အရေးယူသွားမယ်လို့ မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၂၂ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ကိုဏကြီးက “ခရိုနီကုမ္ပဏီလှေတွေက လေယာဉ်ဆီတင်သွင်းဖို့ အခက်အခဲဖြစ်တဲ့အချိန်တုန်းကလည်းပဲ လေယာဉ်ဆီကား ၁၀ နီးနီး မောတောင်ထဲမှာရှိနေတဲ့အချိန် ဒီမှာလည်း KTLA၊ KNU စစ်ဆေးရေးဂိတ်တွေရှိနေတဲ့အချိန် စစ်ဆေးနေတဲ့အချိန်မှာ လေယာဉ်ဆီတင်ဆောင်လာတဲ့ ကားတစင်းဖမ်းဆီးမိတယ်။ ဖမ်းဆီးမိတဲ့အချိန်မှာ လမ်းပိတ်တဲ့အခြေအနေမျိုးနဲ့ ကြုံရတယ်။ ဒါနောက်ပိုင်းမှာ လေယာဉ်ဆီကို ကော့သောင်းဘက်ကနေပြီးတော့ လိုင်းဖြူလှေတွေကနေပဲ မြိတ်ကိုတင်သွင်းပေးတဲ့အခြေအနေတွေ အကိုတို့သိရတယ်။ ဒါကတည်းကနေပြီးတော့ စစ်မှုထမ်းဥပဒေပေါ်လာ။ စစ်မှုထမ်းဥပဒေကနေ တလျှောက်ကူညီပံ့ပိုးမှုတွေလုပ်နေတယ်။ ယခင်ကလည်း စုံစမ်းသိရှိသလောက် မြိတ်ကနေ အဓိက ဘုတ်ပြင်းတို့၊ ကော့သောင်းတို့ဘက်ကို လက်နက်ရိက္ခာတွေ ပို့ဖို့မလွယ်တဲ့အခြေအနေမျိုး လှေတွေနဲ့ပို့တာတွေရှိတယ်” လို့ ပြောပါတယ်။

ကော့သောင်းကနေ မြိတ်ကို စစ်ကောင်စီက လေယာဉ်ဆီတင်သွင်းတာနဲ့ပတ်သက်ပြီး မြိတ်ခရိုနီလုပ်ငန်းရှင်တွေပူးပေါင်းပေးနေတာကို အတည်မပြုနိုင်ပေမယ့် စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရတဲ့သူတွေကို ပို့ဆောင်ရာမှာတော့ ပါဝင်တယ်လို့ မြိတ်ခရိုနီလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“လိုင်းဖြူကနေသယ်ပြီးတော့ ပို့ပေးရတယ်ဆိုတာက အကိုတို့လှေလောကကနေ ကြားတာပေါ့။ စစ်တပ်ဘက်က အဲလိုလုပ်ခိုင်းလို့ရှိရင်လည်း ပဲ့နင်းတို့၊ လှေသားတို့၊ လှေရှင်တို့က လုပ်ပေးရတဲ့ အခြေအနေလေ။ ဘာဖြစ်လို့လဲဆို မလုပ်ပေးရင်သူတို့တွေက သိတယ်မလား။ သူတို့တွေမှာလည်း ကိုင်ထားတာတွေရှိတယ်လေ။ အဲလိုမလုပ်ပေးရင်လည်းမရဘူး။ သိမ်းခံရတာတို့။ ဖမ်းခံရတာတို့ ဖြစ်နိုင်တယ်။ အဲဒါတွေကြောင့်မို့လို့ တချို့တွေက လုပ်ပေးနေရတာပါ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ်၊ အောက်တိုဘာလပထမပတ်တုန်းက တနင်္သာရီ-မောတောင်လမ်းပိုင်း KTLA ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ကားတစီး ဖမ်းဆီးရမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ သိရပါတယ်။

ထုတ်ပြန်ချက်ပါ စစ်ကောင်စီနဲ့ပူးပေါင်းနေတယ်ဆိုတဲ့ မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေဖြစ်တဲ့ သီတာ၊ ငွေဇင်ယော်၊ ထူးထူးတိုး၊ ကိုဝေလင်းအုပ်စုတို့ဟာ နေရပ်ပြန်ပို့ခံရပြီး တပ်သားသစ်စုဆောင်းခံရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ဝန်းကျင်ကို စစ်ကောင်စီရဲ့လိုအပ်တဲ့နေရာတွေဆီ လိုင်းဖြူလှေတွေနဲ့ ရေလမ်းကနေတဆင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013