
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ပါလ်မာ အနေနဲ့ ၁၆ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်ဖြစ်တယ်လို့ နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
အင်္ဂလန် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ဘုန်းမောက်နဲ့ ပွဲစဉ်မှာဂိုးသွင်းခဲ့ပြီးနောက် နောက်ဆုံး ၁၆ ပွဲဆက်တိုက် ဂိုးမရဘဲဖြစ်နေတာပါ။
ပါလ်မာ ဂိုးပေါက်ပျောက်ဆုံးနေမှုကြာရှည်နေတာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်ပြီး အသင်းရဲ့ နည်းစနစ်နဲ့ ကစားပုံတွေနဲ့ သက်ဆိုင်မှုမရှိကြောင်း နည်းပြမာရက်စ်ကာ ကပြောပါတယ်။
အသင်းရဲ့ ကစားပုံပြောင်းလဲမှုမရှိသလို နည်းပြရော အသင်းရော ဘာမှ အပြောင်းအလဲမရှိတာကြောင့် ပါလ်မာအနေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာက လက်ရှိရင် ဆိုင်နေရတဲ့ အခက်အခဲဖြစ်ကြောင်း နည်းပြမာရက်စ်ကာ က ပြောပါတယ်။
ပါလ်မာဟာ ပြိုင်ပွဲစုံ ၁၆ ပွဲဆက် ဂိုးပေါက်ပျောက်နေပေမဲ့ ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးသွင်းပြီး ၈ ကြိမ်ဂိုးဖန်တီး ထားပါတယ်။
Photo: Reuters