
လီဗာပူးအသင်း ပရိသတ်တွေဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူနိုင်တော့မယ့်အပေါ် အကြီးအကျယ် အောင်ပွဲခံဖို့ ပြင်ဆင်ထားကြပါတယ်။
လီဗာပူးအသင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ချန်ပီယံဆုဖလားကို နောက်ဆုံးအကြိမ် ရယူခဲ့တာပါ။
အဲဒီအချိန်က ချန်ပီယံဆု ရယူနိုင်ခဲ့ပေမဲ့ ကိုဗစ်ကာလ စည်းမျဉ်းစည်းကမ်းတွေကြောင့် ဖက်လဲတကင်း အောင်ပွဲခံဖို့တောင် အခွင့်အရေး မရခဲ့တဲ့အတွက် အခုနှစ် ချန်ပီယံဆုဖလား ရရှိချိန်မှာ အကြီးအကျယ် အောင်ပွဲခံကြမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
လီဗာပူးအသင်းဟာ အခုတပတ်မှာ ကစားရမယ့် စပါးအသင်းနဲ့ပွဲစဉ်မှာ အနည်းဆုံး သရေတမှတ် ရရုံနဲ့ ချန်ပီယံဆုရဖို့ သေချာသွားမှာ ဖြစ်ပါတယ်။
အခုနှစ်မှာရရှိမယ့် ပရီးမီးယားလိဂ်ဆုဖလားဟာ လီဗာပူးအတွက် အကြိမ် ၂၀ မြောက် အမှတ်ပေး လိဂ်ဆုဖလားဖြစ်ပြီး မန်ယူအသင်းနဲ့အတူ အမှတ်ပေးလိဂ် ဆုဖလားအများဆုံးအသင်းအဖြစ် ပူးတွဲ စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။
Photo; Reuters