DVB Logo
Home
နိုင်ငံတကာ
ကုန်သွယ်ရေးစစ်ကြောင့် ဘိုးအင်းလေယာဉ်များကို အမေရိကန်သို့ တရုတ် ပြန်ပို့
DVB
·
April 24, 2025
ကုန်သွယ်ရေးစစ်ကြောင့် ဘိုးအင်းလေယာဉ်များကို အမေရိကန်သို့ တရုတ် ပြန်ပို့
Donate to DVB

သမ္မတဒေါ်နယ် ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုအပေါ် လက်တုံ့ပြန်မှုတခုအနေနဲ့ တရုတ်က အမေရိကန်ကနေ မှာယူထားတဲ့ လေယာဉ်သစ်တွေကို ပြန်ပို့နေတယ်လို့ ဘိုးအင်းကုမ္ပဏီက အတည်ပြုပါတယ်။

လက်ရှိမှာ လေယာဉ် ၂ စင်း ပြန်ရောက်လာပြီးဖြစ်သလို ဒီနှစ်ထဲ တရုတ်ကို ပို့ရမယ့် လေယာဉ် အစင်း ၅၀ ကျော်ကို လက်မခံတော့ဘူးလို့ တရုတ်ဘက်က ထုတ်ပြန်ထားကြောင်း ဘိုးအင်း စီအီးအို ကယ်လီအော့တ်ဘာ့ဂျ်က ပြောပါတယ်။

အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံထားသလို တရုတ်ကလည်း အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း တန်ပြန် ကောက်ခံထားပါတယ်။

တရုတ်လေကြောင်းလိုင်းတလိုင်းက သုံးစွဲဖို့ ရည်ရွယ်ထားတဲ့ Boeing 737 MAX 8 လေယာဉ်ဟာ ဘိုးအင်းစက်ရုံပိုင် လေယာဉ်ကွင်းကို ပြန်ရောက်လာတဲ့ ဒုတိယမြောက်လေယာဉ် ဖြစ်ပါတယ်။

သမ္မတထရမ့်ပ်ကတော့ တရုတ်နဲ့ ကုန်သွယ်ရေးဆက်ဆံမှု ပြန်ကောင်းဖို့ အကောင်းမြင်နေဆဲ ဖြစ်ပြီးတော့ စည်းကြပ်ခွန်ပမာဏဟာ သိသိသာသာ လျော့သွားနိုင်ပေမဲ့ သုညတော့ ပြန်မဖြစ်တော့ဘူးလို့ ပြောထားပါတယ်။

ဘိုးအင်းဟာ အမေရိကန်ရဲ့ အကြီးဆုံး ပြည်ပတင်ပို့သူ ဖြစ်ပြီး ထုတ်လုပ်တဲ့ ခရီးသည်တင် လေယာဉ် ၇၀ ရာခိုင်နှုန်းဟာ ပြည်ပနိုင်ငံတွေကို ရောင်းချနေတာဖြစ်ပါတယ်။

ဘိုးအင်းကုမ္ပဏီကတော့ ဒီလေယာဉ် ၅၀ ကျော်ထဲက ဖြစ်နိုင်သမျှ တခြားဝယ်လက်နဲ့ လက်လွှဲရောင်းဖို့ ကြိုးစားနေသလို ဒီအခြေအနေကို ပြေလည်စေဖို့ ထရမ့်ပ်နဲ့ ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းမှုတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013