DVB Logo
Home
မြန်မာသတင်း
ရုရှားနှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားနှင့်အတူ ဒရုန်းများဝယ်ရန် စစ်ကောင်စီစေလွှတ်
DVB
·
April 24, 2025
ရုရှားနှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားနှင့်အတူ ဒရုန်းများဝယ်ရန် စစ်ကောင်စီစေလွှတ်
Donate to DVB

ရုရှားစစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ရင်ပြင်နီစစ်ရေးပြအခမ်းအနားမှာ စစ်ကောင်စီတပ်ဖွဲ့ ပါဝင် စစ်ရေးပြဖို့နဲ့ ရုရှားလုပ် လူသတ်ဒရုန်းတွေ ဝယ်ယူဖို့အတွက် ဗိုလ်မှူးချုပ် မျိုးဆက်အောင်နဲ့ အဖွဲ့ကို စစ်ကောင်စီက လွှတ်လိုက်ပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့ ရင်ပြင်နီမှာ မေ ၉ ရက်မှာ ကျင်းပမယ့် နှစ် ၈၀ ပြည့် မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ စစ်ရေးပြအခမ်းအနားမှာ စစ်ကောင်စီတပ်က ဝင်ရောက်စစ်ရေးပြဖို့အတွက် ဧပြီ ၂၃ ရက် မနေ့က တံတားဦးလေဆိပ်ကနေ ထွက်ခွာခဲ့တာပါ။

စစ်ရေးပြအခမ်းအနားအတွက် သွားတာဖြစ်သလို တန်ပြန်ထိုးစစ်ဆင်အတွက် ရုရှားနိုင်ငံထုတ် ဒရုန်းတွေ ဝယ်ယူဖို့လည်း ဖြစ်တယ်လို့ လပခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စစ်ရေးပြ ဆိုတာထက် ရုရှားလုပ်ဒရုန်းတွေ ဝယ်ဖို့ပါ တရုတ်ဒရုန်းနဲ့ ဂျန်ဘာတွေက အလုပ်မဖြစ်တော့ စစ်တပ်က ရုရှားလုပ်ဒရုန်းတွေ ပိုကြိုက်တယ်။ မနေ့က လပခတိုင်းမှူး လိုက်ပို့တယ်။ ဒရုန်းဝယ်ရင် သေချာစစ်ဆေးဖို့ ဒုဗိုလ်ချုပ်ကြီး မျိုးမိုးအောင်က မှာတယ်။”

ဗိုလ်မှူးချုပ်မျိုးဆက်အောင်အနေနဲ့ မတ်လအတွင်းက ရုရှားနိုင်ငံက ဒရုန်းအစင်း ၁၀၀ ကျော်ကို ကနဦးအနေနဲ့ စမ်းသပ်ဝယ်ယူခဲ့ပြီး အဆိုပါဒရုန်းတွေကို ပဋိပက္ခဖြစ်ရာ တိုင်းစစ်ဌာနချုပ်တွေကို ခွဲဝေပေးခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရုရှားက ဒရုန်းဝယ်တာ အခုနဲ့ ၂ ကြိမ်ရှိပြီ။ မတ်လ ဝယ်တဲ့ ဒရုန်းတွေကို တောင်ခမ်းကို အစင်း ၃၀၊ ရှမ်းတောင်ကို အစင်း ၂၀၊ နမခကို အစင်း ၃၀ နဲ့ ပန်းတောင်းတပ်နယ်ကို အစင်း ၂၀ ခွဲပေးတယ်။ အခုတခေါက်တော့ ဘယ်လောက်ဝယ်လာမလဲ မသိဘူး။”

၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီတပ်အနေနဲ့ ၂၀၂၅ နှစ်မှာ ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးလာပြီး လက်လွှတ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013