DVB Logo
Home
နိုင်ငံတကာ
သုတေသနရန်ပုံငွေ သုံးစွဲမှု ပိတ်ပင်သည့် သမ္မတထရမ့်ပ်ကို ဟားဗတ်တက္ကသိုလ် တရားစွဲ
DVB
·
April 22, 2025
သုတေသနရန်ပုံငွေ သုံးစွဲမှု ပိတ်ပင်သည့် သမ္မတထရမ့်ပ်ကို ဟားဗတ်တက္ကသိုလ် တရားစွဲ
Donate to DVB

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်ရှိ ပုဂ္ဂလိက အိုင်ဗီလိဂ် သုတေသနတက္ကသိုလ် တခုဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဖက်ဒရယ်ရန်ပုံငွေမှာ ဒေါ်လာ ဘီလီယံနဲ့ချီ ပိတ်ဆို့ထားမှုကြောင့် ဧပြီ ၂၁ ရက်မှာ တရားစွဲလိုက်ပါတယ်။

ထရမ့်ပ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ထက်စီးနင်းဖြစ်ပြီး ဥပဒေနဲ့မညီဘဲ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် တက္ကသိုလ်ရဲ့ ပထမအကြိမ် ပြင်ဆင်ချက်နဲ့ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်တယ်လို့ ဟားဗတ်က စွပ်စွဲထားပါတယ်။

အစိုးရက တက္ကသိုလ်တခုရဲ့ သုတေသန၊ စာသင်ကြားမှုနဲ့ အတွေးအမြင်လွတ်လပ်ခွင့်ကို မသင့်တော်တဲ့ အကြောင်းရင်းတွေကြောင့် ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စမှာ အစိုးရက ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသနနဲ့ ပညာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်ထောင်စုရန်ပုံငွေ ဖြတ်တောက်ခြင်းကို အစိုးရက နိုင်ကွက်အနေနဲ့ သုံးချင်နေတာလို့ ဘော်စတွန်မြို့ရှိ ဗဟိုတရားရုံးမှာ တရားစွဲဆိုထားချက်အရ သိရပါတယ်။

ဒီအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ ဟားဗတ်ဟာ ထရမ့်ပ်ရဲ့ ဖြိုခွင်းမှုကို တုံ့ပြန်တဲ့အနေနဲ့ တရားစွဲဆိုတဲ့ ပထမဆုံး တက္ကသိုလ် ဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုမှာ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာန၊ စွမ်းအင်ဌာနနဲ့ ပညာရေးဌာနတို့ အပါအဝင် ဖက်ဒရယ် တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာ အသီးသီးကိုလည်း နာမည်တွေ တပ်ထားပါတယ်။

အဲဒီအေဂျင်စီတွေရဲ့ ကိုယ်စားလှယ်တွေဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ထရမ့်ပ်ဟာ အဓိကတက္ကသိုလ်ကြီးတွေမှာ ခေတ်မီသုတေသနအတွက် ငွေကြေးထောက်ပံ့မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ပြီး ကိုလံဘီယာ၊ ပရင်စတန်၊ ကော်နဲလ်၊ နော့သ်ဝက်စ်တန်နဲ့ ဘရောင်းန် အပါအဝင် တက္ကသိုလ်တွေအတွက် ရန်ပုံငွေတွေကိုလည်း ထရမ့်ပ် အစိုးရက ခေတ္တရပ်ဆိုင်းထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013