DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ ဘာနီးဟတ်မြို့တွင် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးချို့တဲ့သူ များပြား
DVB
·
April 22, 2025
အိန္ဒိယ ဘာနီးဟတ်မြို့တွင် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးချို့တဲ့သူ များပြား
Donate to DVB

အိန္ဒိယနိုင်ငံက စိမ်းလန်းစိုပြည်တဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ အာသံနဲ့ မီခါလေ ပြည်နယ်တို့မှာရှိတဲ့ ဘာနီးဟတ် စက်မှုမြို့ဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးချို့တဲ့သူ အများအပြား နေထိုင်ရာမြို့ ဖြစ်ပါတယ်။

မြို့ရဲ့လေထုထဲမှာ အချင်း ၂ ဒသမ ၅ မိုက်ခရွန်ထက် သေးတဲ့ အမှုန်အမွှား ပါဝင်နှုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အကြံပြုထားတဲ့ အဆင့်ထက် ၂၅ ဆ ပိုများနေပါတယ်။

ဘာနီးဟတ်မြို့ရဲ့ ၂၀၂၄ ခုနှစ်တုန်းက လေထုထဲမှာ PM2.5 အဆင့် အမှုန်အမွှား ပါဝင်နှုန်းဟာ ၁ ကုဗမီတာမှာ ပျမ်းမျှ ၁၂၈ ဒသမ ၂ မိုက်ခရိုဂရမ်ထိ ရှိနေတယ်လို့ ဆွစ်ဇာလန် လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ IQAir က အစီရင်ခံခဲ့ပါတယ်။

သေးငယ်တဲ့ အမှုန်အမွှားတွေကို ခေါ်တဲ့ PM 2.5 ဟာ အချင်း ၂ ဒသမ ၅ မိုက်ခရွန်ထက် သေးပြီး အဆုတ်ထဲကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းဖို့ လုံလောက်နေလို့ ကျန်းမာရေးအတွက် သိသိသာသာ အန္တရာယ်ရှိပါတယ်။

အစိုးရ သတင်းအချက်အလက် အစီရင်ခံစာတွေအရ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု အရေအတွက်ဟာ ၂၀၂၂ ခုနှစ်မှာ ၂,၀၈၂ ယောက်ကနေ ၂၀၂၄ ခုနှစ်မှာတော့ ၃,၆၈၁ ယောက်အထိ မြင့်တက်လာတာကို ပြထားပါတယ်။

လူကြီးနဲ့ ကလေး လူနာ ၉၀ ရာခိုင်နှုန်းဟာ ချောင်းဆိုးတာနဲ့ အအေးမိတာတွေနဲ့အတူ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ အဓိကနဲ့ ဆေးခန်းကို ရောက်လာကြတာလို့ ဘာနီးဟတ် ကနဦး ကျန်းမာရေးစောင့်ရှောက်မှုစင်တာက ဆရာဝန် ဂျေမာရတ်ခ်က ခန့်မှန်းထားပါတယ်။

အဆိပ်သင့်နေတဲ့ လေထုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုသာမက အရေပြားသာမက မျက်လုံးပါ ယားယံစေတယ်လို့ ဒေသခံတွေက ညည်းတွား ပြောဆိုပါတယ်။

လေထုအရည်အသွေး ညံ့ဖျင်းမှုကြောင့် သီးနှံတွေ ပျက်စီးခဲ့တယ်လို့ လယ်သမားတွေကလည်း ပြောပါတယ်။

ဘာနီးဟတ် စက်မှုမြို့ရဲ့ အကျပ်အတည်းဟာ အိန္ဒိယနိုင်ငံက ကျယ်ပြန့်တဲ့ လေထုညစ်ညမ်းမှု ပြဿနာကို ထင်ဟပ်စေပါတယ်။

စက်မှုလုပ်ငန်းတိုးတက်မှုဟာ မြို့ကြီး၊ မြို့ငယ် နှစ်မျိုးစလုံးကို ထိခိုက်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်တွေကိုပါ ထိခိုက်စေပါတယ်။

ဆောင်းရာသီမှာ လေထုညစ်ညမ်းမှုများတဲ့ အိန္ဒိယနိုင်ငံမှာ တခြားဒေသတွေနဲ့မတူဘဲ ဘာနီးဟတ်မြို့က လေထုအရည်အသွေးက တနှစ်ပတ်လုံး ညံ့ဖျင်းနေတယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။

ပတ်ဝန်းကျင်ကို အလွန်ညစ်ညမ်းစေတဲ့ စက်မှုလုပ်ငန်း ၈၀ ဝန်းကျင်ရှိတဲ့ ဘာနီးဟတ်မြို့ရဲ့ ပြဿနာဟာ ကားကြီးတွေက ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ ဒယ်အိုးဇောက်လိုဖြစ်နေတဲ့ မြေမျက်နှာသွင်ပြင်တို့ ပေါင်းစပ်နေလို့ ဖြစ်တာလို့ ပညာရှင်တွေက ဆိုထားပါတယ်။

မတ်လမှာ IQAir က အစီရင်ခံစာ ထုတ်ပြန်ပြီးတဲ့နောက်၊ အာသံနဲ့ မီခါလေ ပြည်နယ်အစိုးရ တွေက ဘာနီးဟတ်မြို့ရဲ့ ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးတွဲကော်မတီတရပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013