DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ် ကျေးရွာတချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
DVB
·
April 22, 2025
သရက်ချောင်းမြို့နယ် ကျေးရွာတချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
1 / 3
Donate to DVB

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းနဲ့ နေ့ရော ညပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သား သေဆုံးမှုတွေလည်း ရှိ‌နေတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၁ ရက် နေ့လယ် ၁၂ နာရီနဲ့ ၂ နာရီဝန်းကျင်တွေအပြင် ညပိုင်းအချိန်တွေမှာ  သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအုပ်စုအတွင်းက မင်းဒပ်၊ ကမြိုင်၊ ဝဲရစ် စတဲ့ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီ‌နေ့ (ဧပြီ ၂၁) ဆို တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ မင်းဒပ်ရွာသင်္ချိုင်းက သရဏဂုံဇရပ်ရယ်၊ ကမြိုင်ရွာ ဆိုင်းဘုတ်အနီးက စားသောက်ဆိုင်တွေကို ကျသွားတယ်။ ဇရပ်ရော၊ စားသောက်ဆိုင်ပါ ပြိုသွားတယ်။ လူထိခိုက်တာတော့ မကြားရဘူး” လို့ မင်းဒပ်ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့မှာ မင်းဒပ်ကျေးရွာအုပ်စုအတွင်းက စစ်ကောင်စီရဲ့ ဝင်းဝရွာနယ်မြေ ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခံရပြီးနောက်ပိုင်း အဆိုပါနေ့ ညနေမှာ နှစ်ကြိမ်၊ ညပိုင်းမှာ တကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၁၉ ရက်‌ နေ့လယ် ၁၁ နာရီခန့်ကစပြီး မင်းဒပ်ကျေးရွာ အပါအဝင် ၃ မိုင်ခန့်ဝေးတဲ့ ရငဲကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တနာရီအတွင်း ဗုံးသီး ၁၁ လုံးနဲ့ ကြဲခဲ့တာကြောင့်  ရငဲရွာခံ ဦးမင်းအောင်နဲ့ မြေးဖြစ်သူအသက် ၁၀ နှစ်ဝန်းကျင်ရှိ မောင်အောင်ကောင်းပြည့်တို့ ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ ရငဲဒေသခံတွေက ပြောပါတယ်။

“အခုလက်ရှိမှာ စကစက လေယာဉ်နဲ့ စိတ်ကူးပေါက်ရာ ကြဲနေသလို ဖြစ်နေတယ်။ စစ်ရေးကလည်း တင်းမာနေဆဲမို့ လေကြောင်းနဲ့ ဆက်တိုက်ဖိအားပေးတာမျိုး ဖြစ်နေတာပါ။ ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အမြဲသတိပြုထားရမယ့်အခြေအနေ ရှိနေပါတယ်” လို့ မြေပြင်တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်နေတဲ့ မင်းဒပ်ကျေးရွာအုပ်စုမှာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်မှာ တည်ရှိတာကြောင့် ခရီးသွားလာမှုတွေလည်း ပြတ်တောက်နေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေကို ရှောင်ရှားဖို့အပါအဝင် ခရီးသွားလာမှု မပြုခင် စုံစမ်းပြီးမှသွားလာကြဖို့ မြေပြင်တော်လှန်ရေးရဲဘော်တွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013