DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ချုပ်ရက်ထပ်တိုး
DVB
·
November 7, 2014
လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ချုပ်ရက်ထပ်တိုး
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုသံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ယောက်ကို ချုပ်ထားရာကနေ ပြန်လည်လွှတ်ပေးဖို့ သူတို့ရဲ့ ကိုယ်စားလှယ်ရှေ့နေတွေက ဒီကနေ့ သွားရောက် တောင်းဆိုပေမယ့် မအောင်မြင်ခဲ့ဘူးလို့  ကာယကံရှင်ရှေ့နေတွေက ပြောပါတယ်။

[caption id="attachment_70069" align="aligncenter" width="480"]စွပ်စွဲဖမ်းဆီး လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA) စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA)[/caption]

သံသယရှိသူ ၂ ဦးကို  ရှေ့နေလိုက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီအဖွဲ့က ၀ါရင့်ရှေ့နေ နခွန် ချူမ်းဖူးချတ်က  “ကျနော်တို့  ဒီကနေ့မနက် ၁၀ နာရီမှာ  ကောစမွီခရိုင် တရားရုံးကို သွားရောက်ပြီး  သူတို့ကို ချုပ်ရက်ဆက်မတိုးဘဲ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်  အစိုးရရှေ့နေများကောင်စီက အမှုတွဲအတွက် အချက်အလက်တွေ ပြည့်စုံအောင် ပြန်စစ်ခိုင်းတာကြောင့်  စုံစမ်းရေးရဲတပ်ဖွဲ့အနေနဲ့   နောက်ထပ်စစ်ဆေးဖို့ အချိန်ယူရမယ်လို့ ပြောတယ်။  အမှန်က  ရဲတပ်ဖွဲ့က ဆက်စစ်ရမယ့်ဟာတွေက သံသယရှိသူ ၂ ဦးနဲ့ မသက်ဆိုင်တဲ့ အရာတွေပါ။ သူတို့ဘာသူတို့ သွားစစ်ဖို့ပဲ။ ဒါပေမယ့် သူတို့က တရားခံ၂ ယောက်ကို  အိတ်စ်ရေးပြန်စစ်ရဦးမယ်။ အစိုးရရှေ့နေကောင်စီရဲ့ ညွှန်ကြားချက်ကြောင့်လို့ ပြောတယ်။ ဒါကြောင့် ကျနော်တို့လည်း အလျှော့ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

စုံစမ်းရေးရဲတပ်ဖွဲ့က  သူတို့ ၂ ဦးကို စတုတ္ထအကြိမ်မြောက် ချူပ်ရက် နောက်ထပ် ၁၂ ရက် (နိုဝင်ဘာလ ၂၀) ရက်နေ့ထိ ထပ်တိုးဖို့ တရားရုံးကို တင်ပြပြီး တရားရုံးက ခွင့်ပြုလိုက်ကြောင်း၊ ဒါပေမယ့်  ဒီရက်တွေအတွင်းမှာ အမှုတွဲကို ပြီးပြတ်အောင်ချုပ်ဖို့၊  နောက်တကြိမ် ချုပ်ရက်ထပ်တောင်းမယ်ဆိုရင် ဒီထက် အသေးစိတ်တဲ့ အချက်အလက်တွေ ပြန်တောင်းရမယ်လို့  ညွှန်ကြားခဲ့ကြောင်း ရှေ့နေ နခွန်းချူမ်းဖူးချတ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013