
လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရခဲ့မယ်ဆိုရင် အောင်ပွဲခံဖို့ အစီအစဉ် မရှိသေးကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ လက်ကျန် ၅ ပွဲ အလိုမှာ ဒုတိယနေရာက အာဆင်နယ်ကို ၁၃ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။
အခုတပတ်ပွဲစဉ်တွေမှာ အာဆင်နယ်က အစ်ဆွစ်ကို ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့သလို လီဗာပူးက လည်း လက်စတာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ လီဗာပူးအသင်းအနေနဲ့ အောင်ပွဲမခံနိုင်သေးပါဘူး။
လာမယ့် ပွဲစဉ် ၃၄ မှာ ကစားရမယ့် စပါးနဲ့ပွဲမှာ အနိုင်ရခဲ့ရင် အာဆင်နယ်ရဲ့ရလဒ်ကို ကြည့်စရာမလိုဘဲ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။
နည်းပြအာနဲစလော့ကတော့ ချန်ပီယံအဖြစ် အောင်ပွဲခံဖို့ အစီအစဉ်မရှိသေးဘဲ နားရက် ၂ ရက်မှာ မိခင်နိုင်ငံ ဟော်လန်ဆီ ပြန်မယ့် အစီအစဉ်ပဲရှိကြောင်း သတင်းထောက်တယောက်ရဲ့အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။