
တရုတ်က ရုရှားနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ စကားက အခြေအမြစ်မရှိဘူးလို့ ပြောရင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်မှာ ပယ်ချလိုက်ပါတယ်။
ယူကရိန်းမှာ ရုရှားအစိုးရရဲ့ ၃ နှစ်ကြာ စစ်ပွဲအတွင်း တရုတ်က ရုရှားနဲ့ စီးပွားရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ကြားနေရေးပုံရိပ်ကို ပုံဖော်ဖို့ ကြိုးပမ်းခဲ့ပြီး စစ်ပွဲမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောဆို ငြင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံဆီ လက်နက်တွေနဲ့ ယမ်းမှုန့်တွေ ထောက်ပံ့နေပြီး ရုရှားပိုင်နက်ထဲမှာ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဧပြီ ၁၇ ရက်မှာ စွပ်စွဲ ပြောဆိုခဲ့တာပါ။
နောက်နေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းအကျပ်အတည်းမှာ သေစေလောက်တဲ့ လက်နက်တွေကို ဘယ်သူ့အတွက်မဆို တရုတ်နိုင်ငံက ဘယ်တုန်းကမှ မထုတ်လုပ်ပေးခဲ့ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source : Reuters