
တရုတ်မြို့တော် ပေကျင်းမှာ ဧပြီ ၁၉ ရက်က ကျင်းပတဲ့ ယိကျွမ်း တဝက်မာရသွန်ပြိုင်ပွဲမှာ အပြေးသမား ထောင်ပေါင်းများစွာနဲ့အတူ စက်ရုပ် ၂၁ ရုပ် ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒရုပ်ဒ် VP နဲ့ နိုးတစ်ခ်စ် ရိုဘော့တစ် တို့လို တရုတ်ထုတ်လုပ်သူတွေရဲ့ စက်ရုပ်တွေက ပုံသဏ္ဌာန်နဲ့ အရွယ်အစား အားလုံးရှိပြီး တချို့က ၃ ဒသမ ၉ ပေထက် တိုပြီး တချို့က ၅ ဒသမ ၉ ပေ ရှိနေပါတယ်။
စက်ရုပ်တွေနဲ့အတူ လူသား လေ့ကျင့်ရေးဆရာတွေ လိုက်ပါသွားခဲ့ပြီး တချို့က ပြိုင်ပွဲကာလအတွင်း စက်တွေကို ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခဲ့ရပါတယ်။
စက်ရုပ်တချို့က ပြိုင်ပွဲကို အပြီးဝင်ပြိုင်နိုင်ခဲ့ပြီး တချို့က တာထွက်ချိန်တည်းက လဲကျတာနဲ့ စခဲ့ပြီး အားပြန်ဖြည့်ရင်း တာထွက်ခဲ့ရပါတယ်။
အောင်ပွဲခံစက်ရုပ်ကတော့ ကြာချိန် ၂ နာရီ မိနစ် ၄၀ ကြာအောင် ပြေးခဲ့တဲ့ ပေကျင်း လူတူစက်ရုပ် ဆန်းသစ်တီထွင်ရေးဌာနက ထုတ်လုပ်တဲ့ ထျန်းဂုံး အာထရာ ဖြစ်ပါတယ်။
အမျိုးသားပြိုင်ပွဲမှာ အနိုင်ရသူကတော့ ပြေးချိန် ၁ နာရီနဲ့ ၂ မိနစ်အကြာမှာ ပန်းဝင်ခဲ့ပါတယ်။
Source : Reuters