DVB Logo
Home
Lead Story
ကိုပါကြီးသေဆုံးမှု တပ် ၃ တပ် ပါဝင်ပတ်သက်နေပြီး တပ်အားလုံးကို စစ်တယ် - ဦးစစ်မြိုင်
DVB
·
November 7, 2014
ကိုပါကြီးသေဆုံးမှု တပ် ၃ တပ် ပါဝင်ပတ်သက်နေပြီး တပ်အားလုံးကို စစ်တယ် - ဦးစစ်မြိုင်
Donate to DVB

ကိုပါကြီးသေဆုံးမှု စစ်ဆေးနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ သူတို့ရဲ့ ၃ ရက်ကြာ စစ်ဆေးခဲ့တာတွေ နေပြည်တော်ကို ပေးပို့လိုက်ပြီး နေပြည်တော်က နိုဝင်ဘာ ၅ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဦးစစ်မြိုင်ခေါင်းဆောင်တဲ့ ကော်မရှင်ဟာ နိုဝင်ဘာ ၁ ရက်မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ရောက်ရှိပြီး စစ်ဆေးတာကိုတော့ နိုဝင်ဘာ ၂ ရက်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_28814" align="alignright" width="422"]မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်[/caption]

သူတို့အဖွဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ်စစ်ဆေးခွင့်ရခဲ့ပါသလဲ။

အဖွဲ့ခေါင်းဆောင် ဦးစစ်မြိုင်ကတော့ ကိုပါကြီးကို သေနတ်နဲ့ပစ်ခဲ့တဲ့ ဒုတပ်ကြပ် အပါအ၀င် စစ်တပ်က တာဝန်ရှိသူအားလုံးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ စစ်လိုတဲ့နေရာမှာ သူတို့ကိုခေါ်ယူပြီး စစ်တာပါ။ တပ်က ကျနော်တို့ စစ်လိုတဲ့ တပ်မတော်သားကို စေလွှတ်ပေးပါတယ်။ စစ်တဲ့အထဲမှာ တပ်မှူးကြီးတွေအဆင့်ထိပါ ပါတယ်။ တပ်ဘက်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်နေတာရှိတယ်။ အဲ့ဒီ ခုံရုံးကိုလည်း ကျနော်တို့ ခေါ်စစ်တယ်။ ရဲဘက်ကလဲ ရဲမှူးကြီးအဆင့်ထိ ခေါ်စစ်ပါတယ်။ နောက် အရပ်ဘက်က မျက်မြင်သက်သေ၊ ရွာလူကြီးတွေ ခေါ်စစ်ပါတယ်။ လွတ်လပ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့အချက်ကို မေးတယ်။ နောက် ဓာတ်ပုံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား၊ စာအ၀င်အထွက်၊ နောက် ကြေးနန်းအ၀င်အထွက်စတဲ့ လိုအပ်တာတွေ တောင်းပါတယ်။”

ကိုပါကြီးကို ဖမ်းသွားတဲ့ တပ်ကိုရော စစ်ပါသလား။ ကာယကံရှင်တွေနဲ့ရော တွေ့ရပါ သလား။

“တွေ့ပါတယ်။ တိုက်ရိုက်သက်ဆိုင်တဲ့ ကာယကံရှင်ကိုလည်း ကျနော်တို့ စစ်ပါတယ်။ သူနဲ့ ဆက်စပ်နေတာ တပ် ၃ တပ်လောက် ရှိပါတယ်။ အဲဒီ ၃ တပ်စလုံးက အရာရှိတွေ ဆရာတွေ ကျနော်တို့ ခေါ်စစ်ပါတယ်။”

ကိုပါကြီးကို ပစ်လိုက်တယ်ဆိုတဲ့ စစ်သားကိုရော စစ်ရလား။

“ရဲဘော် မဟုတ်ဘူးဗျ။ သူက ဆရာဗျ။ ဒုတပ်ကြပ်။ ကျနော်တို့ စစ်ပြီးပါပြီ။ စစ်ဆေးနေတုန်းပဲဗျ။ ဒါတွေက ဘယ်လောက်မှန်လဲ ပြောဖို့က မခိုင်လုံသေးဘူး။ ကျနော်တို့ သက်သေတွေ ထပ်စစ်ရဦးမယ်။”

ကော်မရှင်အစီရင်ခံစာ ဘယ်တော့လောက် တင်နိုင်မယ်မှန်းလဲ။

“ရက်မမှန်းနိုင်သေးဘူး။ ကျနော်တို့က ဆရာဝန်အဖွဲ့ရဲ့ ရင်ခွဲစစ်ဆေးချက်လည်း တောင်းထားတယ်။ ရင်ခွဲပြီးရုံတင်မဟုတ်ဘဲ ဓာတ်ခွဲစစ်ဆေးအုန်းမှာဆိုတော့ သူတို့ဘက်က အဖြေရဖို့က စောင့်ရဦးမယ်ထင်တယ်။ လက်ရှိ အခြေအနေအတိုင်းဆိုရင်တော့ လနဲ့ချီ မကြာလောက်ဘူးလို့တော့ ထင်တာပဲလေ။”

အခု အန်ကယ်တို့ မော်လမြိုင်မှာပဲလား။ စစ်တုန်းလား။

“ပထမတဆင့် စစ်တာတော့ ဒီနေ့ ပြီးမယ်မှန်းတယ်။ သို့သော် ထပ်စစ်ဖို့ လိုတာတွေ ရှိသေးတော့ နောက်တခေါက် လာစစ်ရဦးမယ်။ အခု ထွက်ဆိုချက်တွေကို ရန်ကုန်ကျရင် အားလုံးပေါင်းဆုံပြီး သုံးသပ်မယ်။ ထပ်စစ်ဖို့ လိုတာတွေ တွေ့လာမယ်။ ကျနော်တို့ လိုလာတဲ့အချက်တွေ ထပ်တွေ့မယ်။ မခိုင်လုံသေးတဲ့ အချက်တွေပေါ်မှာ သက်သေတွေ ထပ်စစ်ဖို့ လိုလာနိုင်တာပေါ့ဗျာ။ အဲ့ဒီလိုလာနိုင်တာတွေ ကျနော်တို့ ထပ်စစ်မယ်။ လိုရင် ထပ်လာစစ်မယ်လို့ ဒီမှာလည်း တခါထဲ သူတို့ကို ပြောထားတယ်။”

စစ်ပြီးသလောက် ကိုပါကြီး ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ဖမ်းလိုက်ရတယ်ဆိုတာ ဖြစ်ဖို့ များလား။ ဘယ်လို မြင်ရလဲ။

“အဲလိုပြောဖို့တော့ စောပါသေးတယ်ဗျာ။ ဒါက အားလုံးစိတ်ဝင်စားနေတာ ဆိုတော့လေ။ ကျနော်တို့က ခိုင်ခိုင်မာမာဖြစ်မှ ပြောလို့ ဖြစ်မှာ။ အခုလို ကြားဖြတ်ပြီး ထင်မြင်ချက်နဲ့ ပြောလို့ မဖြစ်ဘူးလေ။ ကျနော်တို့ ခိုင်ခိုင်မာမာဖြစ်အောင် ပြည့်စုံအောင် စစ်နေပါတယ်။”

ကျေးဇူးပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013