DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးကို အခွင့်ကောင်းယူပြီး စစ်တပ်က နေ့စဥ် ဗုံးကြဲနေ
DVB
·
April 20, 2025
ငလျင်ဘေးကို အခွင့်ကောင်းယူပြီး စစ်တပ်က နေ့စဥ် ဗုံးကြဲနေ
Donate to DVB

ငလျင်ဘေးကြောင့် ပြည်သူ ၄,၀၀၀ နီးပါး သေဆုံးပြီး စိတ်သောကရောက်နေချိန်မှာ စစ်ကောင်စီက အခွင့်ကောင်းယူပြီး လက်လွှတ်ထားရတဲ့မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ ဗုံးချတာတွေကို ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်က မန္တလေးမှာ အထိုင်ချပြီး လုပ်ဆောင်နေပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲစရာ ကောင်းပေမဲ့ စစ်ကောင်စီတပ်အတွက် စစ်ကူ၊ စားနပ်ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းပို့ဖို့ အခွင့်အရေးဖြစ်လာခဲ့တာပါ။

မန္တလေးအခြေစိုက် လပခတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “PDF တွေက ကယ်ဆယ်ရေးယာဥ်တန်းဆိုတော့ တိုက်ခိုက်တာနည်းတယ်။ အဲဒီအခွင့်အရေးကို သုံးပြီး စစ်သုံးဆိုင်ကယ်တွေ၊ ဒရုန်းတွေကို ယာဥ်တန်းသယ်လာပြီး ဒရုန်းတပ်နဲ့ မြေပြင်စစ်ဆင်ရေး အဖွဲ့တွေကို လွှဲပေးတယ်။ လေတပ်အကြီးအကဲက လပခမှာထိုင်ပြီး ဗုံးကြဲဖို့၊ သူတို့ဗုံးကြဲတာ ပြည်သူတွေနေတဲ့ နေရာတွေ” လို့ ပြောပါတယ်။

ငလျင်ကို အကြောင်းပြပြီး တန်ပြန်ထိုးစစ်ဆင်နွှဲချင်တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ရှမ်းတောင်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးမှာ ဒုတိယဗိုလ်ချုပ်ကြီး ၄ ယောက်ကို တာဝန်ပေးခဲ့တာပါ။

ဒါ့အပြင် ဧပြီ ၁၈ ရက်က မန္တလေးမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်၊ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၊ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်နဲ့ ဒုဗိုလ်ချုပ်ကြီး သက်ပုံတို့ကို တွေ့ဆုံပြီး စစ်ရေးကိစ္စတွေ ပြောဆိုခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“လက်လွှတ်ထားတဲ့ နယ်မြေတွေ ဗုံးကြဲရင် ပြည်သူတွေက တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDF အဖွဲ့ကြောင့် ဗုံးကြဲခံရတာ၊ သူတို့ရှိနေလို့ ဗုံးကြဲခံရတာဆိုတဲ့ အတွေးမျိုး ဝင်သွားအောင် ဗုံးကြဲတာ၊ စစ်တပ်က ပြည်သူတွေရှိတဲ့နေရာကို မသိလို့ ကြဲတာမဟုတ်ဘူး၊ သိရက်နဲ့ကြဲတာ၊ ပါးရိုက်ရင် နားကိုက်မယ် ဆိုတဲ့စိတ်မျိုး၊ အောက်တန်းအတော်ကျတာ။”

တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDF အဖွဲ့တွေကို ဘယ်လိုမှ တိုက်လို့မနိုင်တဲ့ စစ်ကောင်စီတပ်အနေနဲ့ ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူတွေရှိတဲ့ နေရာတွေကို ဗုံးကြဲနေတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်က တိုင်းစစ်ဌာနချုပ် ၂ ခု၊ တပ်ရင်းတပ်ဖွဲ့စခန်း ၁၀၀ ကျော်နဲ့ မြို့ပေါင်း ၁၀၀ နီးပါး လက်လွှတ်ထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013