DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦး ထက်မနည်း သေဆုံး 
DVB
·
April 20, 2025
မြင်းမူမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦး ထက်မနည်း သေဆုံး 
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် တယောက်အပါအဝင် ၃  ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိကြသူတွေလည်း ရှိသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးကုန်တယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီကနေ သိရပါတယ်။

မြင်းမူမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကန်တော်ရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ ကြိမ်ကြဲသွား သလို ရဟတ်ယာဥ်နဲ့လည်း ဗုံးတကြိမ် ကြဲသွားတယ်လို့  မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကန်တော်ကျေးရွာက ကလေးငယ် တယောက်နဲ့ ပြည်သူ ယောက်ထက် မနည်းသေဆုံးခဲ့သလို ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်ပါတယ်။

မြင်းမူမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုစွန်ရဲ က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ကန်တော်ရွာကို နေ့လယ်ပိုင်းကတည်းက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလိုက် ရဟတ်ယာဥ်နဲ့ လာပစ်လိုက် လုပ်နေတာ ၃၊ ၄ နာရီလောက် ကြာတယ်။ ညနေပိုင်းအထိ ရထားတာကတော့ ကလေးရုပ်အလောင်း  တလောင်းနဲ့ အမျိုးသား တလောင်းနဲ့ အမျိုးသမီးရုပ်အလောင်း တလောင်း တွေ့ထားတယ်။ အိမ်အပျက်အစီးတွေထဲမှာလည်း သေဆုံးသူတွေ ရှိနိုင်သေးတယ်။ ရဟတ်ယာဥ်တွေ မကြာခဏ လာဝဲနေလို့ ထပ်ပြီးရှာဖွေကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူး ခဏရပ်ထားရတယ်ဗျ” လို့ ပြောပါတယ်။

ကန်တော်ကျေးရွာကို ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရပြီးနောက်ပိုင်း ရွာခံပြည်သူတွေတချို့က နေအိမ်တွေ ပြန်လည်ဆောက်လုပ်နေထိုင်ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013