DVB Logo
Home
မြန်မာသတင်း
၅၉ ကြိမ်မြောက် ရင်ပြည်နယ်နေ့ စတင်ဖွင့်လှစ်
DVB
·
November 7, 2014
၅၉ ကြိမ်မြောက် ရင်ပြည်နယ်နေ့ စတင်ဖွင့်လှစ်
Donate to DVB

၅၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ မနက် ၇ နာရီလောက်က ပြုလုပ်ခဲ့ပါတယ်။

Karen Union Day 07112014ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကိုယ်တိုင် အခမ်းအနားကို လာရောက်ဖွင့်လှစ်ခဲ့ တယ်လို့ အခမ်းအနားတက်ရောက်သူ ဒေသခံ ဦးကျော်မင်းစိန်က ပြောပါတယ်။

“ဖွင့်ပွဲအခမ်းအနားတုန်းကတော့ မိုးတွေရွာတယ်။ အခုတော့ နေတွေပူလာပြီး ပြည်နယ်နေ့က စည်တော့မယ့် သဘောရှိတယ်။”

ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၉ ၇က်နေ့အထိ ဘားအံမြို့ရှိ သီရိကွင်းမှာ ၃ ရက်တာ ကျင်းပမှာဖြစ်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကရင်ပြည်နယ်နေ့အတွက်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းသ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

“ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းကို ကာလရှည်ကြာစွာ ဖြတ်သန်းလာခဲ့ရပြီး တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သဘောထား မညီမျှမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရသည့်အတွက် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရကြောင်း၊ ယနေ့အချိန်တွင် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည်များ ရရှိ ခံစားနေရပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများလည်း ရရှိနေပြီ ဖြစ်ပါသည်။ ထို့ပြင် အေးချမ်းသာယာပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ကောင်းများနှင့်လည်း ပြည့်စုံနေပြီ ဖြစ်ပါသည်။ ရရှိပြီး အခြေခံကောင်းများကို အမိအရ ဆုပ်ကိုင်၍ ကရင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများက နိုင်ငံတော် အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရ ငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် လိုအပ်တယ်လို့” သ၀ဏ်လွှာမှာ ပါရှိပါတယ်။

သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးတဲ့  နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၆ ခုနှစ်ကစတင်ပြီး ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့တယ်လို့ သမ္မတမိန့်ခွန်း သ၀ဏ်လွှာမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013