DVB Logo
Home
Lead Story
ပြည်ပထွက်ခွာရန် လိမ်လည်တင်ပြပါက အရေးယူမည်ဟု စစ်ကောင်စီ သတိပေး
DVB
·
March 25, 2026
Photo: DVB
Photo: DVB
Donate to DVB

ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်လို့ လိမ်လည်တင်ပြသူနဲ့ နောက်ကွယ်က ပါဝင်ကူညီပေးသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက မတ် ၂၅ ရက်မှာ ကြေညာပါတယ်။

အလုပ်သမားအသစ်တချို့က ခွင့်ပြန်အလုပ်သမားအသွင်နဲ့ ခွင့်ပြန်တွေအတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်းကို အလွဲသုံးစားလုပ်ပြီး ပြည်ပထွက်ဖို့ ကြိုးစားတာ တွေ့ရှိနေကာ တရားမဝင် သွားရောက်တာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေ ကြုံတွေ့ရနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ပြည်ပထွက်ခွာဖို့ လိမ်လည်တင်ပြသူနဲ့ လိမ်လည်မှုတွေမှာ နောက်ကွယ်က ကူညီပေးနေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ကို စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လိမ်လည်တင်ပြသူကို ကာလသတ်မှတ်ချက်တခုနဲ့ ပြည်ပထွက်ခွာခွင့်ပိတ်တာ၊ အမည်ပျက်စာရင်း (Blacklist) စာရင်းထည့်သွင်းတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ပြည်ပထွက် အလုပ်လုပ်ခွင့်ကို တင်းကျပ် ပိတ်ပင်လိုက်လို့ ဖြစ်လာတဲ့ ကိစ္စတွေ။ ပြည်ပထွက်ချင်တဲ့ လူငယ်တွေမှာ အပြစ်မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ခွင့်ပြန်အလုပ်သမားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့်နဲ့ပတ်သက်လို့ အခု နှစ်ဆန်းပိုင်းကစပြီး မူဝါဒတင်းကျပ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ပထွက်ခွာခွင့်အတွက် တင်ပြလျှောက်ထားတဲ့ အီးမေးလ်ကို ပြပြီး ထွက်ခွင့်ပေးနေတာကနေ ထွက်ခွာခွင့် အမည်စာရင်းကျမှ ပေးထွက်တာ၊ အလုပ်ရှင်ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ တင်ပြခိုင်းပြီး အမှန်တကယ် ခွင့်ပြန်အလုပ်သမားဖြစ်ကြောင်း အလုပ်ရှင်က အတည်ပြုမှ ထွက်ခွင့်ပေးတာမျိုး ကျင့်သုံးလာတာ ဖြစ်ပါတယ်။

အဲဒီလို စိစစ်တာက ခွင့်ပြန်အလုပ်သမားမဟုတ်ဘဲ ပြည်ပကို တရားမဝင် ထွက်ခွာတာမျိုး မရှိ ရအောင် ရည်ရွယ်လုပ်ဆောင်တာလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြ ဖြေရှင်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်လုပ်ခွင့် ပိတ်ထားသလို အေဂျင်စီတွေရဲ့ ပြည်ပအလုပ်သမားစေလွှတ်ခွင့် အရေအတွက်ကိုလည်း ကန့်သတ် ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013