DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် စစ်တပ်၊ ကိုးကန့်နှင့် တရုတ်ကိုယ်စားလှယ်များ အစည်းအဝေးလုပ်
DVB
·
April 18, 2025
လားရှိုးတွင် စစ်တပ်၊ ကိုးကန့်နှင့် တရုတ်ကိုယ်စားလှယ်များ အစည်းအဝေးလုပ်
Donate to DVB

လားရှိုးမြို့မှာ ပြန်လည်အခြေချတော့မယ့် စစ်ကောင်စီတပ်အနေနဲ့ ဒီနေ့ နေ့လယ် ၁ နာရီလောက်က ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်တပ်၊ ကိုးကန့်တပ် MNDAA နဲ့ တရုတ်ကိုယ်စားလှယ်တွေ အစည်းအဝေးလုပ်ကြတယ်လို့ စစ်ရေးသတင်းအမြစ်တွေဆီက သိရပါတယ်။

တရုတ်ရဲ့ ညှိနှိုင်းပေးမှုကြောင့် မတိုက်ရဘဲ လားရှိုးမြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်တွေ အခြေချနေထိုင်နိုင်ရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို စေလွှတ်ကာ ဆွေးနွေးခိုင်းတာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“လားရှိုးကို တပ်နဲ့ ကိုးကန့်တပ်တွေ ပေါင်းပြီးအုပ်ချုပ်မှာ တပ်က မြို့ပေါ် ဆို ကိုးကန့်တွေက ရွာဘက်တွေ ဌာနဆိုင်ရာနဲ့ရဲတွေ မြို့ကိုပြန်လည်တည်ဆောက်ရေးလုပ်ဦးမှာ၊ အဲ့ဒါတွေပြီးမှ ရမခ တိုင်းစစ်ဌာနချုပ် ပြန်ပြီးအသက်သွင်းမှာ၊ လတ်တလော လားရှိုးကို အုပ်ချုပ်ဖို့ ထောက်လှမ်းရေးက ဗိုလ်မှုးကြီးတယောက်ကို တာဝန်ပေးထားတယ်။” 

ဒုစစ်ခေါင်းဆောင်က လားရှိုးမြို့ကို စစ်တပ်၊ ဌာနဆိုင်ရာ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် UWSA ဝ တပ်နဲ့ ကိုးကန့်တပ် MNDAA ကို အကူအညီတောင်းခဲ့ပြီး လုံခြုံရေးယူကာ မြို့တွင်းကို ပို့ဆောင်ပေးခဲ့တာလို့ ခလရ ၅၀၇ နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကိုးကန့်က ပြန်ထွက်သွားတာတောင် တပ်ရော၊ ရဲရော လားရှိုးကို မဝင်ရဲလို့ ဝ ရော၊ ကိုးကန့်ရော မြို့ထဲကို လိုက်ပို့ကြတာ။ ရမခတိုင်းမှူး ဖြစ်လာမယ့် ထောက်လှမ်းရေးအကြီးအကဲကတော့ တပ်ရင်းတွေ အကုန်ပြန်ဝင်ဖို့ ညွှန်ကြားထားတယ် ခလရ ၅၀၇ က အကုန်ရောက်နေပြီ။”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က သြဂုတ်လ ၃ ရက် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013